31 C
Yangon
spot_img

CATEGORY

News

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၉ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၅...

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ထရာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးမှ အပြီး ဖယ်ရှား ၊ ကမ္ဘေားဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နှင့် အသံဖိုင်တွင် ကျင့်ဝတ်ချိုးဖောက်ခဲ့ဟု တရားရုံးက ဆုံးဖြတ်

ရန်ကုန်၊ ဩဂုတ် ၂၉ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ထရာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးမှ အပြီး ဖယ်ရှားကြောင်း ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇူလိုင် ၁ ရက်နေ့မှစတင်၍ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ထရာ...

မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပေးမှုအတွက် ထိုင်းဘုရင်နှင့်အစိုးရကို ကျေးဇူးတင်ပြီး ထိုင်းရောက် မြန်မာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအစိုးရနှင့်အတူလက်တွဲဆောက်ရွက်ရန် အသင့်ရှိဟု NUG ပြော

ရန်ကုန်၊ ဩဂုတ် ၂၉ အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာရသော မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပေးမှုအတွက် ထိုင်းဘုရင်မင်းမြတ်နှင့်ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊နိုင်ငံခြားရေးဝန်ကြီးဌာနက ကျေးဇူးတင်ကြောင်း သဝဏ်လွှာပေးပို့သည်။ ဩဂုတ်လ ၂၇ ရက်နေ့ ထိုင်းနိုင်ငံအစိုးရ၏ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်သောမြန်မာစစ်ဘေးရှောင်ပြည်သူများကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရန် ခွင့်ပြုခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး...

အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲစဥ် သားအမိ ၂ ဦးအပေါ် တည့်တည့်ကျရောက် ပေါက်ကွဲသဖြင့် အလောင်းပင်ရှာမရဘဲ ၂ ဦးစလုံးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၉ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ဒေါင်းလေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ဗုံးမှာ သားအမိ ၂ ဦးအပေါ်သို့ တည့်တည်ကျရောက်ပေါက်ကွဲခဲ့၍ ရုပ်အလောင်းပင် ရှာမရတော့ကြောင်း သာယာဝတီခရိုင်...

စစ်ကိုင်းမြို့ပေါ်တွင် တပ်မ ၃၃ က ပျူစောထီးအဖွဲ့များစွာကို ဖွဲ့စည်းပေးနေပြီး ရှင်သန်ရပ်တည်ရေး ဆက်ကြေးကောက်မှုများ၊ ခြိမ်းခြောက်ငွေကောက်ခံမှုများကို တရားဝင်ခွင့်ပြုထား

ရန်ကုန်၊ ဩဂုတ် ၂၉ စစ်ကိုင်းမြို့ပေါ်တွင် ပျူစောထီးအဖွဲ့များကို တပ်မ ၃၃ က ဖွဲ့စည်းပေးနေပြီး ပျူစောထီးအဖွဲ့များ ရပ် တည် လည်ပတ်နိုင်ရေးအတွက် ဆက်ကြေးကောက်မှုများ၊ အောင်ဘာလေထီရောင်းချခြင်းများ၊ စစ်မှု ထမ်းကြေးကောက်ခံမှုများ၊ စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်လုပ်မှုများအပါအဝင် ခြိမ်းခြောက် ငွေကောက်ခံမှုများကို တရားဝင် ခွင့်ပြုထားကြောင်း စစ်ကိုင်းမြို့မှ ကင်းထောက်အဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

အမေရိကန်နှင့် ဆက်ဆံရေး ပြေလည်စေရေး ဆောင်ရွက်ပေးရန် ဒုတိယမြောက်လော်ဘီကုမ္ပဏီအဖြစ် McKeon Group ကို မြန်မာစစ်တပ်က ၁ လလျှင် ဒေါ်လာ ၆ သောင်းဖြင့် ထပ်မံငှားရမ်းပြန်

ရန်ကုန်၊ ဩဂုတ် ၂၉ အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြေလည်စေရေး ဆောင်ရွက်ပေးရန် ဒုတိယမြောက်လော်ဘီကုမ္ပဏီဖြစ် McKeon Group ကို အကြမ်းဖက် စစ်တပ်က ထပ်မံငှားရမ်းပြန်ကြောင်း သိရှိရသည်။ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနားယားပြည်နယ်၊ Alexandria အခြေစိုက် McKeon Group လော်ဘီကုမ္ပဏီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်ကွန်ကရက်တို့နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေး...

ကြို့ပင်ကောက်၊ ကြည်စုရွာတွင် စစ်မှုထမ်းကြေး တစ်အိမ်လျှင် ငွေကျပ် ၆ သောင်း လစဉ် ကောက်ခံနေသော ပျူစောထီး ဘိုကြီး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၉ ပဲခူးတိုင်း၊ ကြို့ပင်ကောက်၊ ကြည်စုရွာတွင် စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၆ သောင်း လစဉ် ကောက်ခံနေသော ပျူစောထီး ဘိုကြီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီ ခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅...

ဧရာ၀တီတိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း ကလေးစစ်သား မောင်ဇင်ကိုကို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၉ ဧရာ၀တီတိုင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း ကလေးစစ်သား မောင်ဇင်ကိုကိုက တာဝန်ကျရာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခမရ ၄၀၄ မှ လက်နက်ခဲယမ်းများယူဆောင်၍ တော်လှန်ရေးတပ်ထံသို့ အလင်းဝင်လာကြောင်း PDF Dawei District...

မြင်းခြံတွင် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ​ဩဂုတ် ၂၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေစကြိုတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့၊ ဩဂုတ်လ ၂၇ ရက်နေ့နှင့် ဩဂုတ်လ ၂၈...

မြန်မာနှင့်လာအိုမှ အသက်မပြည့်သေးသော မိန်းကလေးငယ်များ၏ အပြာ ဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်နေသော ဂျပန်နိုင်ငံသား သွားဆရာဝန်နှင့် သက်ကြီးရွယ်အို ၂ ဦးတို့ကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၂၉ မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံမှ အသက်မပြည့်သေးသော မိန်းကလေးငယ်များ၏ မဖွယ်မရာဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်နေသော ဂျပန်သက်ကြီးရွယ်အို ၂ ဦးကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ကြောင်း ဂျပန်မှ လာသော သတင်းများအရ သိရှိရသည်။ ဂျပန်ရဲတပ်ဖွဲ့က ဂျပန်နိုင်ငံသား သက်ကြီးရွယ်အို ၂ ဦးကို အသက်မပြည့်သေးသော ကလေးများ၏ အပြာဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်မှုဖြင့်...

Latest news

- Advertisement -spot_img