25.6 C
Yangon
spot_img

CATEGORY

News

ပုသိမ်တွင် စစ်တပ်က မဲပေးစနစ် သရုပ်ပြရန်ဟုဆိုကာ ကြံ့ဖွတ်ပါတီ အမာခံများရှိသည့် ရွာများကို ချန်ထားခဲ့ပြီး ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ နှုန်းဖြင့် မဲခလုတ်နှိပ်ရန် အတင်း အဓမ္မ ခေါ်ဆောင်နေ

ရန်ကုန်၊ ဩဂုတ် ၂၇ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မဲပေးစနစ် သရုပ်ပြရန်ဟုဆိုကာ ကြံ့ဖွတ်ပါတီ အမာခံများရှိသည့် ရွာများကို ချန်ထားခဲ့ပြီး ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ နှုန်းဖြင့် မဲခလုတ်နှိပ်ရန် အတင်း အဓမ္မ ခေါ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင် ရေးကွပ်ကဲမှုဌာန ချုပ်၏ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ အလောင်းကို ဘုတ်ပြင်းသို့ ပြန်သယ်

ရန်ကုန်၊ ဩဂုတ် ၂၇ တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့...

မင်းဘူးခရိုင်နှင့် နာဂဒေသတွင် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံဘဲ ရွေး ကောက်ပွဲပါဝင်သူ၊ ကူညီသူများကို အပြစ်ပေးအရေးယူမည်ဟု တော်လှန်ရေးတပ်များက သတိပေးကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၇ မကွေးတိုင်း၊ မင်းဘူးခရိုင်နှင့် စစ်ကိုင်းတိုင်း၊ နာဂဒေသတို့တွင် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေး ကောက်ပွဲကို လက်မခံဘဲ ရွေးကောက်ပွဲပါဝင်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဟု တော်လှန်ရေးတပ်များက သတိပေး ကြေညာလိုက်သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင် စစ်ဌာန၊ မင်းဘူး ခရိုင် အမှတ်...

စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

ရန်ကုန်၊ ဩဂုတ် ၂၇ စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို...

ရေတာရှည်တွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော PDF ရဲဘော် စိုးကြီး၏ နာရေးသို့ စက်တပ်လေထီးဖြင့် ၆ ကြိမ်ဗုံးကျဲ၊ ဆိုင်ကယ်ကယ်ရီသမားကိုရွှေအောင်ကို PDF ဟု အမည်တပ် စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ ဩဂုတ် ၂၇ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော PDF ရဲဘော် စိုးကြီး၏ နာရေး သဂြိုလ်ပွဲသို့ စက်တပ်လေထီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗျုဟာ ၂၂ မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ရေစကြိုမြို့တွင် စစ်တပ်က ဆိုင်ကယ် ဦးထုပ် မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်စဉ် နေအိမ်တွင် ရှိနေသော အသက် ၃၉ နှစ် အရွယ်ကိုဇော်ဇော်ဝင်း ကျည်ထိမှန်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၇ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် မြန်မာလူငယ် ၇၈ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းက ဖမ်းဆီး၊ မြန်မာများ လိုက်ပါသော ကားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ရပ်မပေးဘဲ မောင်းပြေးခဲ့ရာမှ မလွတ်မြောက်ခဲ့

ရန်ကုန်၊ ဩဂုတ် ၂၇ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားလူငယ် ၇၈ ဦးတရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၃ နာရီအချိန် ကန်ချနပူရီခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့က လမ်းဂိတ်များကို စောင့်ကြည့်စစ်ဆေးခဲ့ရာ...

ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်က မြဝတီမြို့မှ အာရှလမ်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

ရန်ကုန်၊ ဩဂုတ် ၂၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၍ မြဝတီမြို့မှပါ အာရှလမ်းဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင်...

ကလေးဒေသအတွင်း စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ကလေးဒေသအတွင်း အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF...

နေပြည်တော်၊ တပ်ကုန်းမြို့ နယ်တွင် မိုးသည်ထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေကြောင့် ရေကြီးနေပြီး ပြည်သူရာချီ၍ ကယ်ထုတ်င်္နေရ

ရန်ကုန်၊ ဩဂုတ် ၂၇ နေပြည်တော်၊ တပ်ကုန်မြို့အနီးတဝိုက်တွင် ရေကြီးနေပြီး ပြည်သူများကို ကယ်ထုတ်နေရကြောင်း မိုးစေတနာ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဖြိုးဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းမှစ၍ မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နဝင်း ချောင်း ရေလျှံကာ တပ်ကုန်းမြို့အပါအဝင်...

Latest news

- Advertisement -spot_img