23 C
Yangon
spot_img

CATEGORY

News

မြင်းခြံ နှင့် နွားထိုးကြီး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၂၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီ၏ ထုတ်ပြန်ချက်နှင့် Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

လားရှိုးမြို့ပေါ် ကားလုယက်မှုကို လုံခြုံရေးကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော ကိုနေသွေးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး၊ ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်တပ်က ပထမဆုံး အမှုဖွင့်မှုဖြစ်လာ

ရန်ကုန်၊ ဩဂုတ် ၂၆ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့တွင် နေ့အချိန် ကားလုယက်မှု ဖြစ်ပွားသည့်အပေါ် လုံခြုံရေး ကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော တောင်ကြီးမြို့မှ ကိုနေသွေး ကို စစ်တပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်တပ် တယ်လီဂရမ်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ ဩဂုတ်လ ၂၃...

မုံရွာတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော စစ်မှုထမ်းဟောင်း ၁ ဦးနှင့် တပ်သားသစ် ၁ ဦးတို့ သေနတ် ၁ လက်နှင့်ခဲယမ်းများယူဆောင် အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မုံရွာတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော စစ်မှုထမ်းဟောင်း ၁ ဦးနှင့် တပ်သားသစ် ၁ ဦးတို့ သေနတ် ၁ လက်ယူဆောင် အလင်းဝင်လာကြောင်း Northwest Plains Revolutionary Forces-NPRF မှ တာဝန်ရှိသူတစ်ဦးက...

မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

ယခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးခဲ့ပြီး စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာထံသို့ ပေးပို့မည် ရန်ကုန်၊ ဩဂုတ် ၂၆ ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် သေဆုံးသူ ၁၂ ဦးရှိလာပြီး ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်သူ...

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ကြံစိုက်ခင်းသို့ စက်ဖြင့် ရေသွင်းနေစဉ် မတော်တဆမှုကြောင့် ညာဘက် လက် မောင်း ပြတ်ထွက်သွားသော မြန်မာအလုပ်သမား ကိုမျိုးဇော်ဦးကို ထိုင်းသူဌေးက တာဝန်မယူဘဲ အလုပ်ဖြုတ်

ရန်ကုန်၊ ဩဂုတ် ၂၆ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ကြံစိုက်ခင်းသို့ စက်ဖြင့် ရေသွင်းနေစဉ် မတော်တဆမှုကြောင့် ညာဘက် လက်မောင်း ပြတ်ထွက်သွားသော မြန်မာအလုပ်သမား ကိုမျိုးဇော်ဦးကို ထိုင်းသူဌေးက တာဝန်မယူဘဲ အလုပ်ဖြုတ်လိုက်သဖြင့် နစ်နာကြေးရရှိရေး လိုက်ပါဆောင်ရွက်ပေးနေရကြောင်း အလုပ်သမားမဟာ မိတ်အဖွဲ့ (WAG) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် တိုက်ပွဲ ဆက် ဖြစ်နေပြီး စစ်တပ်က ပိတ်မိနေသည့် ပြည်သူ ၆ ဦးကို ပစ်သတ်၊ ပြည်သူပိုင် ပစ္စည်းများကို စစ်သားများက ခိုးယူနေပြီး နေအိမ်များကို မီးရှို့

ရန်ကုန်၊ ဩဂုတ် ၂၆ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ် တပ်က ရွာထဲ၌ ပိတ်မိနေသည့် ပြည်သူ ၆ ဦးကို ပစ်သတ်ကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ် ကြိုက် ခိုးယူနေကြောင်း တော် လှန်ရေးစစ်ရေး...

စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ၊ ရွေးကောက်ပွဲတွင် ပါဝင်လျှင် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်နိုင်ဟု သတိပေး

အခြေခံဥပဒေသစ်ရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပမှသာ မြန်မာ့နိုင်ငံရေး ပဋိပက္ခအဆုံးသတ်မည့် အချက်အပါအဝင် စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အချက် ၇ ချက်ကို KNU ထုတ်ပြန် ရန်ကုန်၊ ဩဂုတ် ၂၆ အကြမ်းဖက် အာဏာသိမ်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမှာ ဥပဒေကြောင်းအရ တရားမဝင်၍ ကရင်အမျိုးသား အစည်း...

ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၆ ကချင်ပြည်နယ်၊ ဖားကန့်အမြို့အဝင် ပန်းတင်တံတား၌ အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ် ခတ်သတ်ဖြတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက် နံနက်...

နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၆ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း နွားထိုးကြီးမြို့နယ်...

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှ လာရောက်သူများဖြစ်၊ ဖမ်းဆီးရမိ မြန်မာလူငယ်များအားလုံးကို မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းမည်

ရန်ကုန်၊ ဩဂုတ် ၂၆ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ တောအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ကန်ချပူရီခရိုင်၊ ဆန်ခလာဘူရီ အတွင်းရှိ တောများအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပုန်းအောင်း...

Latest news

- Advertisement -spot_img