27 C
Yangon
spot_img

CATEGORY

News

ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို တစ်နေ့တည်း ဖမ်းဆီးရရှိ၊ ဖမ်းဆီးရရှိသူများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၁ ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် တစ်ရက်တည်း ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်နှင့် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရသည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း မြန်မာနိုင်ငံသား...

စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်အနက်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဧရိယာများကို ဦးစားပေး တိုက် ခိုက်သိမ်းယူရန် စစ်တပ်က စီမံချက်ဖြင့် လုပ်နေ၊ မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မည်ဟု စစ်တပ်က ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၁ အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဒေသများကို ဦးစားပေး တိုက်ခိုက်သိမ်းယူရန် စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့စတင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လက်လွှတ်ဆုံးရှုံးထားရသော...

UWSA က ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရှမ်း SSPPတို့ကို တွေ့ဆုံပြီး စစ်လက်နက်နှင့် ငွေကြေး အကူအညီမပေးတော့ဟု ပြောဆို၊ “၀” ပြည်နယ်က အလွန်ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၀ "၀" တပ်ဖွဲ့ UWSA က ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရှမ်း SSPPတို့ကို တွေ့ဆုံပြီး စစ်လက်နက်နှင့်ကိရိယာ၊ ငွေကြေးအကူအညီမပေးတော့ဟု သတင်းထုတ်ပြန် ပြောဆိုသည်။ ယနေ့တွင် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် -...

သပိတ်ကျင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂ဝ...

ရွှေရေကြည် သပိတ်စစ်ကြောင်းက ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၀ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၂၀ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် တော်လှန်ကျောင်းသားပြည်သူများစု‌ပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ပြုလုပ်ခဲ့ကြသည်။

ထားဝယ်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ကားနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်က ယနေ့ ညနေပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဩဂုတ် ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ကားနှင့် ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်ကလည်း ယနေ့ ညနေပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသတွင်း...

ပေါက်ခေါင်းတွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

ရန်ကုန်၊ ​ဩဂုတ် ၂၀ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးစဉ် သေဆုံးခဲ့ကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ...

စလင်းနှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဩဂုတ် ၂၀ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ သမန်းကျဥ်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်...

ကန့်ဘလူတွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ကာ ပြည်သူ ၄ ဦးကိုလည်း မီးရှို့ သတ်ဖြတ်

■ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး ရန်ကုန်၊ ဩဂုတ် ၂၀ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်...

Latest news

- Advertisement -spot_img