27 C
Yangon
spot_img

CATEGORY

News

စလင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ယင်းမာပင်တွင်လည်း စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၁၉ မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်ချည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ...

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၉ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၉ ရက်နေ့...

မော်လိုက်မြို့နယ်၊ ထော်သာရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၇ နာရီခန့်အချိန် မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ...

ရေတာရှည်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူတစ်ဦး...

ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်ရန် သားဖွားအတတ်ပညာသင်တန်းအတွက် သင်တန်းသူများ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခေါ်ယူ

ရန်ကုန်| ဩဂုတ် ၁၉ အာရက္ခတပ်တော် AA ၏ ကျန်းမာရေးဌာနက ရခိုင်ပြည်အတွင်း သားဖွားအတတ်ပညာသင်တန်းအတွက် လျှောက်လွှာခေါ်ယူထားကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ဌာနခွဲများတွင် လစ်လပ်နေသော သားဖွားဆရာမ/ Midwife များကို ခန့်အပ်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန် သားဖွားအတတ်ပညာသင်တန်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ သားဖွားအတတ်ပညာ...

ဆားလင်းကြီး၊ ၀မ်ပေါင်ကုမ္မဏီမှ ကင်းလှည့်ရန် ထွက်လာသော စစ်တပ်က ကျောက်ဖြူတိုင်ရွာသို့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူ ၁ ဦးသေဆုံး၊ စစ်ကြောင်းထိုးလာသော စစ်တပ်ကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၀မ်ပေါင်ကုမ္မဏီမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျောက်ဖြူတိုင်ရွာကို ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်...

ဆိပ်ဖြူမြို့နယ်၊ ရှလရွာနှင့် ကျွန်းတောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှလရွာနှင့် ကျွန်းတောရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်...

ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ သူနာပြု စစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ်

ရန်ကုန်၊ ဩဂုတ် ၁၉ ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ သူနာ ပြု စစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်းမှာ KIA က ပစ်ခတ်သော စနိုက်ပါကျည်ထိမှန် သေဆုံးပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန်လည် သယ်ယူ သဂြိုလ်ကြောင်း သိရှိရသည်။ ဩဂုတ်လ...

စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း လှုံ့ ဆော်၊ တပ်နယ်အားလုံး ဆန္ဒမဲ မဖြစ်မနေ ပေးရမယ့်အပြင် မဲပေးရေး လှုံ့ဆော်မှုတွေမှာလည်း စစ်သားတွေ ပါဝင်ရမယ်

ရန်ကုန်၊ ဩဂုတ် ၁၉ အကြမ်းဖက် စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း လှုံ့ ဆော်နေရပါတယ်။ မနေ့က မကွေးမြို့မှာ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်က မကွေးတပ်နယ်က စစ်သည်၊ အရာရှိတွေနဲ့ တွေ့ဆုံရာမှာ လည်းကောင်း၊ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ မြို့မိမြို့ဖ ဆိုသူတွေနဲ့...

ဒီးမော့ဆိုတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်တပ်က ပြည်သူများကို သတ်ဖြတ်ပြီး လူသားဒိုင်းအဖြစ် အသုံးချနေ

ရန်ကုန်၊ ဩဂုတ် ၁၉ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနနှင့် KA စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်တို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့...

Latest news

- Advertisement -spot_img