27 C
Yangon
spot_img

CATEGORY

News

TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာသို့ စစ်တပ်က မြေပြင်မှ စစ်ကြောင်းထိုးလာ

ရန်ကုန်၊ ဩဂုတ် ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တိုက်ခိုက်သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ် နောင်ပိန်ရွာသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးလာကြောင်း ကျောက်မဲအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး...

တောင်ကြီးမြို့တွင် TNLA နှင့် MNDAA ကို ဆန္ဒပြရန် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မဆင့်ခေါ်နေ ၊ ရှမ်းလူငယ်များ ဦးဆောင်သော Dai Youth Congress ကလည်း စစ်တပ်၏ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်

ရန်ကုန်၊ ဩဂုတ် ၁၉ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် TNLA နှင့် MNDAA ကို ဆန္ဒပြရန် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မဆင့်ခေါ်နေကြောင်း တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်နှင့်ကံကြီးရပ်ကွက်မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်...

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မွေးရပ်မြေ မင်းဘူးမြို့သို့ လာရောက်ရန်ရှိသည်ဟုဆိုကာ တစ်မြို့လုံး ပိတ်ဆို့ လုံခြုံရေး တင်းကျပ်ထား

ရန်ကုန်၊ ဩဂုတ် ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မည်ဟဆိုကာ မင်းဘူးတစ်မြို့လုံး ကို ပိတ်ဆို့ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက် မင်းအောင်လှိုင်သည် မကွေးမြို့သို့ ရောက်ရှိခဲ့ပြီး မင်းဘူးမြို့သို့လည်း လာရောက်ရန်ရှိသည်ဟုဆိုကာ မင်းဘူးမြို့ကို...

ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသကို ယနေ့နံနက်ပိုင်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲပြန်

ရန်ကုန်၊ ဩဂုတ် ၁၉ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ ဩဂုတ်လ ၁၆ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီ၏ ဒရုန်းဗုံးများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ လိပ်ခမော်ကျေးရွာနှင့် ဂေါ်တူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့၍ လိပ်ခမော်ကျေးရွာက အမျိုးသမီးတစ်ဦးအပါအဝင်...

မော်ချီးဒေသသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၃၂ ဦးအထိရှိလာပြီး ကုလသမဂ္ဂနှင့်အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရများက အကြမ်းဖက်စစ်တပ်ကို ထိရောက်စွာအရေးယူရေး ကရင်နီပြည်-IEC တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၁၉ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၃၂ ဦးအထိရှိလာပြီး ကုလသမဂ္ဂနှင့်အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရများက စစ်တပ်ကို ထိရောက်စွာအရေးယူရေး ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(Interim Executive Council of Karenni...

စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော

စစ်တပ်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ကာကွယ်မည် ရန်ကုန်၊ ဩဂုတ် ၁၉ စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD ပါတီက မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ မကွေးမြို့၊ မကွေးတပ်နယ်တွင်...

ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဩဂုတ် ၁၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Monywa Roads Information - MRI မှ တာဝန်ရှိသူတစ်ဦးက...

အလုပ်သမားရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၈ ဦးကို စစ်တပ်က ပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် အမှု စွဲတင်ပြီး အင်းစိန်ထောင် ပို့ဆောင်

ရန်ကုန်၊ ဩဂုတ် ၁၈ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး ထားသော အလုပ်သမားရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၈ ဦးကို ပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် အမှုစွဲတင်ပြီး အင်းစိန်ထောင် ပို့ဆောင်လိုက်ကြောင်း Solidarity of...

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို PNO က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော် ပြာကျ

ရန်ကုန်၊ ဩဂုတ် ၁၇ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force - Pwintbyu) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ...

ဖားကန့်၊ ဆိုင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်...

Latest news

- Advertisement -spot_img