22 C
Yangon
spot_img

CATEGORY

News

ကျောက်မဲ နောင်ပိန်ရွာ ၅ ရပ်ကွက်နှင့် မိုးကုတ်မြို့ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၈ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ ၅ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့...

ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကိုရင်ကြီး ၁ ပါး အပါအဝင် လူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၈ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကိုရင်ကြီး ၁ ပါး အပါအဝင် လူ ၅ ဦးသေဆုံးကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁...

ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဩဂုတ် ၁၈ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၅ ရက်ဆက် ၆၀ မမ ဗုံး ၄၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Federal Revolution Force-FRF...

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၇ လုံးပြာကျ

ရန်ကုန်၊ ဩဂုတ် ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...

မတ္တရာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်တံတားရွာသစ် အနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၁၈ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်တံတားရွာသစ် အနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၈...

မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို စစ်တပ်က ပိတ်ပင်မှု ထိုင်းဘက်သို့ ကြိုတင်အသိမပေး

ရန်ကုန်၊ ဩဂုတ် ၁၈ အကြမ်းဖက်စစ်ကောင်စီက မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို ယနေ့မှစတင်၍ ပိတ်ပင်လိုက်ရာတွင် ထိုင်းနိုင်ငံကို ကြိုတင် အသိပေး အကြောင်းကြားခြင်းမရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကုန်စည်ကားများ အဓိက ဖြတ်သန်းရာ ထိုင်း-မြန်မာ အမှတ်...

ထိုင်းနိုင်ငံ၊ စမွတ်ပကန်တွင် အကြောင်းမဲ့အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦးအတွက် နစ်နာကြေး ရရှိ၊ မြန်မာ အလုပ်သမား ၁၅ ဦးကမူ လုပ်သက်အလိုက် နစ်နာကြေးရရှိရေး ဆက်လက် တရားစွဲ

ရန်ကုန်၊ ဩဂုတ် ၁၈ ထိုင်းနိုင်ငံ၊ စမွတ်ပကန်ရှိ ဆိုင်ကယ်အပိုပစ္စည်းစက်ရုံတစ်ခုတွင် အကြောင်းမဲ့အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦးအတွက်နစ်နာကြေး ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ထိုင်းအလုပ်ရှင်က မေလ ၂၃ ရက်နေ့တွင် အလုပ်သမား ၂၀၂ ဦးကို အကြောင်းမဲ့အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး...

ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်နှင့် သံဃာတော် အပါအဝင် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၈ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် သံဃာတော် အပါအဝင် ပြည် ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ...

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုမှ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေပေးနိုင်သော လူငယ်တချို့ကို ပြန်လွှတ်ပေး

ရန်ကုန်၊ ဩဂုတ် ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုမှ လူငယ် ၁၃ ဦးထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များအတွင်းသို့ PDF များဝင်ရောက်လာသည်ဟုဆိုကာ...

ပေါက်ခေါင်းမြို့နယ်ရှိ စစ်စခန်း ၄ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၈ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ၊ ဘော်ဒါကျေးရွာရှိ စစ်စခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ စခန်း ၂ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်...

Latest news

- Advertisement -spot_img