22 C
Yangon
spot_img

CATEGORY

News

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည်ဟု အကြမ်းဖက်စစ်တပ်က ကြေညာ

ရန်ကုန်၊ ဩဂုတ် ၁၈ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပသွားမည်ဟု ယနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ကြေညာသည်။ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်...

ချင်းမိုင်တွင် မြန်မာဆောက်လုပ်ရေးလုပ်သား ကိုဆန်းထွေး အလုပ်ချိန်အတွင်း သေဆုံးမှု ထိုင်းအလုပ်ရှင်က နစ်နာကြေး ထိုင်းဘတ်ငွေ ငါးသိန်းခွဲ ပေးလျှော်

ရန်ကုန်၊ ဩဂုတ် ၁၈ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ကိုဆန်းထွေးသည် အလုပ်ချိန်အတွင်း ဓာတ်လိုက်သေဆုံးသွားမှုအတွက် ထိုင်းအလုပ်ရှင်က နစ်နာကြေး ထိုင်းဘတ်ငွေ ငါးသိန်းခွဲ ပေးလျှော်ခဲ့ကြောင်း Worker Alliance Group (WAG) အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်‌ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ...

သီပေါမြို့ပေါ် တောင်မြို့ရပ်ကွက်နှင့် အနောက်ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဩဂုတ် ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က ထိန်းချုပ်ထားသော သီပေါမြို့ပေါ် ရှိ ရပ်ကွက် ၂ ခုကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့...

နွားထိုးကြီးမြို့နယ်၊ တစိုးကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲပြီးနောက် ပြည်သူ ၅ ဦးကို သတ်ဖြတ်

ရန်ကုန်၊ ဩဂုတ် ၁၈ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တစိုးကျေးရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲထားပြီးနောက် ကျေးရွာမှ အမျိုးသမီး ၃ ဦး နှင့်အမျိုးသား ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ထားသည်ဟု သတင်းများရရှိထားကြောင်း မြင်းခြံ ခရိုင် အမှတ် ၈...

စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း သန္ဓေတပ်သားများ ဖြစ်လာစေရေး စည်းရုံးသိမ်းသွင်းလာပြီး ၁၀ တန်းအောင်နှင့်ဘွဲ့ရများကို ရာထူးအဆင့်တိုးမြှင့်ပေးခြင်းနှင့် ဗိုလ်လောင်းသင်တန်းတက်ခွင့်ပေးမည်ဟု စစ်တပ်က မက်လုံးပေး

ရန်ကုန်၊ ဩဂုတ် ၁၈ အကြမ်းဖက်စစ်တပ်က ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည့် စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်းသန္ဓေတပ်သားများဖြစ် လာစေရေး မက်လုံးပေး စည်းရုံးသိမ်းသွင်းလာကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ၂၀၂၄ ခုနှစ် မေလမှစတင်၍ လစဉ်ဖွင့်လှစ်ခဲ့သော စစ်မှုထမ်းအပတ်စဉ် သင်တန်းများမှာ အပတ်စဉ် ၁၆ အထိရှိလာချိန် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း...

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းမှ စစ်သားများအားလုံး KNLA ၏ ပိတ် ဆို့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းကို သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဩဂုတ် ၁၈ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းမှ စစ်သားများအား လုံး KNLA ၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်း ကို သိမ်းပိုက်ရရှိကြောင်း KNU - Mergui-Tavoy District က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၁၇...

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က​ လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ပြည်သူ ၂၄ ဦးအထိရှိလာနေပြီး သေဆုံးသူ အရေအတွက် ဆက်တိုးလာနိုင်

ရန်ကုန်၊ ဩဂုတ် ၁၈ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က​ ယမန်နေ့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့မှုကြောင့် သေဆုံးသူ ပြည်သူ ၂၄ ဦးအထိရှိလာနေပြီး သေဆုံးသူ အရေအတွက် ဆက်တိုးလာနိုင်ကြောင်း ဗုံးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၇...

Breaking News – စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်၊ စစ်ကိုင်းမြို့ပေါ် မဟာခိုနန်းကျောင်းတိုက် ကျည်ဆန်များ ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး ဒဏ်ရာရ၊ မန္တလေးမှ စစ်ကားများနှင့် စစ်ကူများ စစ်ကိုင်းဘက်သို့...

ရန်ကုန်၊ ဩဂုတ် ၁၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူနှင့် ရပ်ကွက်များတွင်...

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Fire Dragon တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

မြင်းမူတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီးပျက်စီး၊ ကော့သောင်း မလိဝမ်းရဲစခန်းနှင့် ၅၈၂ ခြေမြန်တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း People's Knight Defence Force - Myinmu (PKDF-MMU) မှ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ရန်ကုန်ခေတ်သစ်...

Latest news

- Advertisement -spot_img