25.6 C
Yangon
spot_img

CATEGORY

News

အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံ

ရန်ကုန်၊ မတ် ၃၁ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံလာကြောင်း စစ်ကောင်စီက လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ထံသို့ ပေးပို့သော စာအရ သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျက်စီး ဆုံးရှုံးမှုများနှင့်...

Sky Villa ကွန်ဒို တောင်ဘက်ခြမ်းရှာဖွေမှု ရပ်နားသော်လည်း မြောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်

ရန်ကုန်၊ မတ် ၃၁ မန္တလေး Sky Villa ကွန်ဒို တောင်ဘက်ခြမ်း ပြိုကျမှုမှ ပိတ်မိသူများကို ရှာဖွေခြင်း ရပ်နားလိုက်သော်လည်း အဆိုပါကွန်ဒို၏ မြောက်ဘက်ခြမ်းအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။ Sky Villa ကွန်ဒိုတွင် အပျက်အစီးများအောက် ပိတ်မိနေသူများအားလုံး အသက်ရှင်လျက်...

ကျောက်ဖြူနှင့် ပေါင်းတည်မြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၃၁ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို...

ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိဟု စစ်ကောင်စီက ထုတ်ပြန်နေသော်လည်း မြေပြင်တွင် သေဆုံးသူအရေ အတွက် အလွန်များနိုင်ဟု ကယ်ဆယ်ရေးအဖွဲ့တချို့ပြော

ရန်ကုန်၊ မတ် ၃၁ အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိကြောင်း ထုတ်ပြန် ပြောဆိုထားသော်လည်း အဆိုပါပမာဏမှာ မြေပြင်တွင်ဖြစ်ပေါ်နေသော အရေအတွက်က ပိုမိုများပြားနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီး...

စစ်ကိုင်းငလျင် ကယ်ဆယ်ရေး မလေးရှား SMART အဖွဲ့ စတင်

ရန်ကုန်၊ မတ် ၃၁ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီး၏ ဗဟိုချက်နားတွင်ရှိပြီး ပျက်စီးမှုကြီးမားခဲ့သော စစ်ကိုင်းမြို့ ငလျင်ဘေးအတွင်း ပိတ်မိသူများကို ကယ်ဆယ်နိုင်ရေး မလေးရှား SMART အဖွဲ့ ယနေ့ (မတ်လ ၃၁ ရက်နေ့)တွင် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား...

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်မှူးကြီး ဟောင်း စန်းပွင့်၏ သမီးဖြစ်သူ ဒေါက်တာမေစန်းပွင့် စစ်ကိုင်းမြို့ငလျင်တွင် သေဆုံး

ရန်ကုန်၊ မတ် ၃၁ ရှစ်လေးလုံး အရေးတော်ပုံကာလ နိုင်ငံရေးလှုပ်ရှားသူများနှင့် ကျောင်းသားများကို ဖိနှိပ်သတ်ဖြတ်မှုများတွင် ဦး ဆောင် ပါဝင်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၏ တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါက်တာမေစန်းပွင့်မှာ စစ်ကိုင်းမြို့ငလျင်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စစ်ကိုင်းမြို့တွင် နေထိုင်သော ဒေါက်တာမေစန်းပွင့်သည် မတ်လ ၂၈ ရက်နေ့...

မန္တလေးတွင် အသက် ၅ နှစ်အရွယ်ကလေး၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအပါအဝင် ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ ညတွင်းချင်း ကယ်တင်

ရန်ကုန်၊ မတ် ၃၁ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင်...

ငလျင် လှုပ်ခတ်မှု အပေါ် စစ်တပ်က အခွင့်ကောင်းယူ နိုင်ငံရေး အမြတ် မထုတ်စေရေး အနီးကပ် စောင့်ကြည့်ရန် နိုင်ငံတကာကို KNU တိုက်တွန်း

ရန်ကုန်၊ မတ် ၃၁ မြန်မာနိုင်ငံအလယ်ပိုင်းကို အခြေပြု၍ ငလျင် လှုပ်ခတ်မှု အပေါ် စစ်တပ်က အခွင့်ကောင်းယူ နိုင်ငံရေး အမြတ် မထုတ်စေရေး အနီးကပ် စောင့်ကြည့်ရန် နိုင်ငံတကာကို KNU က တိုက်တွန်းလိုက်သည်။ ပြည်သူများ အတွက် ပေးအပ်သည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများအပေါ် အကြမ်းဖက်စစ် တပ်က...

“စစ်ကိုင်း ဆေးရုံနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ အင်အားက ၁၀ ဦးကနေ ၂၀ ဦးကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်။ တကယ်ကြီးကြီးမားမား ထိခိုက်တဲ့ အဆောက်အအုံတွေဆို ရဲ၊ တပ်၊ ပျူစောထီးတွေနဲ့ ပိတ်ထားပြီး သာမန်အမှိုက်ရှင်းသလို လုပ်နေတယ် “

စစ်ကိုင်းမြို့သို့ ရောက်ရှိနေသူတစ်ဦး ဆက်သွယ်မေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် စစ်ကိုင်းမြို့သည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော်လည်း ယမန်နေ့ မတ်လ ၃၀ ရက်နေ့ အထိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် အခက်အခဲရှိနေပြီး ပိတ်မိနေသူများကို ရှာဖွေကယ် ဆယ်ရန် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ စစ်ကိုင်း၏...

စစ်ကိုင်းတွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ်ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားပြီး ကယ်ဆယ်ရေးလုပ်မည်ဆိုလျှင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ထံမှ ခွင့်ပြုချက် ယူရမည်

ရန်ကုန်၊ မတ် ၃၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ် ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားကြောင်း စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းတွင် ကယ်ဆယ်ရေး လုပ်မည်ဆိုပါက စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ...

Latest news

- Advertisement -spot_img