28 C
Yangon
spot_img

CATEGORY

News

စစ်ကော်မရှင်အသစ်ဖွဲ့စည်းပြီးနောက် မင်းအောင်လှိုင်က ကေတုမတီနန်းတော်ရာ၊ ကမ္ဘောဇသာဒီနန်းတော် အပါအဝင် တောင်ငူ၊ ပဲခူး၊ ရန်ကုန် လှည့်လည်နေပြီး ရွေးကောက်ပွဲလုပ်မည့်ရက် ကြေညာရေး လတ်တလော ဆွေးနွေးမှု မရှိသေး

ရန်ကုန်၊ ဩဂုတ် ၅ အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကော်မရှင်အသစ် ဖွဲ့စည်းပြီးနောက် ကေတုမီ မြို့ဟောင်းနှင့် နန်းတော်ရာ၊ ကမ္ဘောဇသာဒီနန်းတော် နှင့် ဟံသာ၀တီမြို့ဟောင်း အပါအဝင် တောင်ငူ၊ ပဲခူးနှင့် ရန်ကုန်မြို့တို့သို့ လှည့်လည်ခရီးသွားနေပြီး ရွေးကောက်ပွဲလုပ် မည့်ရက် ကြေညာရေး လတ်တလော ဆွေးနွေးမှုမရှိသေးကြောင်း သိရှိရသည်။ အကြမ်း ဖက်မင်းအောင်လှိုင်က...

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်ပကန်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထား

ရန်ကုန်၊ ဩဂုတ် ၄ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်ပကန်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း Burma Revolution Rangers မှ...

ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်သား အလောင်း တင်လာသော ကား ၁ စီးနှင့် ရဲကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၄ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်သား အလောင်း တင်လာသော ကား ၁ စီးနှင့် ရဲကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၉...

နွားထိုးကြီးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၃ ဦးသေဆုံး၊ မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၄ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက်...

ချင်းမိုင်မြို့ မယ်ဟိုဖရာကျေးရွာရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ကိုဆန်းထွေး လုပ်ငန်းခွင်၌ ဓာတ်လိုက် သေဆုံးခဲ့သော်လည်း ကုမ္ပဏီဘက်က ရေနစ်သေဆုံးသည်ဟု လိမ်လည်

ရန်ကုန်၊ ဩဂုတ် ၄ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မယ်ဟိုဖရာကျေးရွာရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ကိုဆန်းထွေး လုပ်ငန်းခွင်၌ ဓာတ်လိုက် သေဆုံးခဲ့သော်လည်း ကုမ္ပဏီဘက်က ရေနစ်သေဆုံးသည်ဟု စစ်ချက် လိမ်လည်ခဲ့၍ နစ်နာသူ မိသားစုဝင်၏ တိုင်ကြားမှုဖြင့် Worker Alliance Group- WAG က...

လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဩဂုတ် ၄ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူပြီး ထိန်း ချုပ်နယ်မြေများသို့ ကွင်းဆင်း လုပ်ငန်းတာဝန်များဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၄ အမျိုးသားညီညွတ်ရေးအစိုးရ- NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူပြီး NUG တိုက်ရိုက် ထိန်းချုပ်ထားသော နယ်မြေများသို့ ကွင်းဆင်း လုပ်ငန်းတာဝန်များဆောင်ရွက်နေကြောင်း NUG ၏ ပြန်ကြားရေး ဌာန PVTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးကျော်နီက...

ကလေးမြို့ပြ ပြောက်ကျား UG အဖွဲ့ထံ လက်နက်ခဲယမ်းများပါ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီ တပ်သား ၁၆ ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်

ရန်ကုန်၊ ဩဂုတ် ၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြ ပြောက်ကျား UG အဖွဲ့ထံ လက်နက်ခဲယမ်များပါ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီ တပ်သား ၁၆ ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ခဲ့ကြောင်း UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

တနင်္သာရီနှင့် ပေါက် မြို့နယ် တို့တွင် စစ်ယာဉ်တန်းနှင့် စစ်တပ် တပ်စွဲထားသော ပျူစောထီးရွာကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဩဂုတ် ၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရမ်းဖို‌ကျေးရွာ...

ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၄ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း၊ ကလေးမြို့ဒေသပြည်သူများနှင့်အတူ အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021...

Latest news

- Advertisement -spot_img