28 C
Yangon
spot_img

CATEGORY

News

မင်းလှမြို့နယ် ထွေ/အုပ်ရုံးတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၁၈ ဦး ထွက်ပြေး လွတ်မြောက်သွား၍ မြို့ကို ပိတ်ဆို့ပြီး ရှာဖွေနေ

ရန်ကုန်၊ ဩဂုတ် ၄ ပဲခူးတိုင်း၊ မင်းလှမြို့နယ် ထွေ/အုပ်ရုံးတွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၁၈ ဦး ထွက်ပြေး လွတ်မြောက်သွား၍ မြို့ကို ပိတ်ဆို့ပြီး ရှာဖွေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂ ရက်နေ့ ညပိုင်းတွင် မင်းလှမြို့နယ်...

ရန်ကုန်မြို့ YBS ကားပေါ်နှင့် ကုန်းကျော်တံတားပေါ်တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” ချိတ်ဆွဲ၍ လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၄ ရန်ကုန်မြို့ YBS ကားပေါ်နှင့် ကုန်းကျော်တံတားပေါ်တွင် ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ"ဘန်နာစာသားချိတ်ဆွဲခြင်းနှင့် စစ်ကောင်စီ၏ လူထုအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်စေရန်၊နိုင်ငံတကာအနေနှင့် လူသားချင်းစာနာထောက်ပံ့မှုငွေကြေးများကို လက်နက်ဝယ်ယူ၍ ပြည်သူကို သတ်ဖြတ်နေခြင်းများ ရပ်တန့်စေရန် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt...

ရွှေရေကြည် သပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၄ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage...

ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၄ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက အကြမ်းဖက်စစ်ကောင်စီ၏ ငလျင်ဘေး အလှူငွေများသုံးကာ ပြည်သူကို တိုက်ခိုက်‌နေသည်ကို ဆန့်ကျင်သည့်အနေနှင့် "ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်"၊ "ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"၊ "နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"...

ပြည်သူ့အားမာန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၄ ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းက ယနေ့ ဩဂုတ်လ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG...

သိန္နိခရိုင်အတွင်း MNDAA က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားပြီး ၂၄ နာရီ ကုန်စည်စီးဆင်းခွင့်ပြုထား၊ မြန်မာဘက်မှ တရုတ်ဘက်သို့ ပို့ကုန်ယာဉ် လစဉ်အကြိမ်ရေ ထောင်ချီ ဖြတ်သန်းနေ

ရန်ကုန်၊ ဩဂုတ် ၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော သိန္နိခရိုင်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းတွင် MNDAA က စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ပြီး ၂၄ နာရီ ကုန်စည်စီးဆင်းဝင်ထွက်သွားခွင့်ပြုထားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ တရုတ်-ယူနန်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် သိန္နီခရိုင်အပိုင်းတွင်...

ဖားကန့်မြို့တွင် အာဏာရှင် စနစ်ဆိုးကြီးအမြန်ချုပ်ငြိမ်းရေး ဆန္ဒပြ ချီတက်

ရန်ကုန်၊ ဩဂုတ် ၄ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖားကန့် - လုံးခင်းအုပ်စုသပိတ်က အာဏာရှင် စနစ်ဆိုးကြီးအမြန်ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖော်ဆောင်နိုင်ရေး ၊ မတရားမှု မှန်သမျှ တိုက်ဖျက်ကာ တရားမျှတမှုများ ရှိလာစေရေး ဆန္ဒပြ ချီတက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက် စစ်မိစ္ဆာက...

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများ၊ စက်တပ်လေထီးများဖြင့် ပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်၊ ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၄ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုက လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ကျေးရွာများကို တိုက်ခိုက်နေ၍ ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ...

ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်း...

မိုးညှင်းတွင် စစ်တပ် လက်အောက်ခံ SNA ရှမ်းနီတပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူများ ပါမချန် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းနေ

ရန်ကုန်၊ ဩဂုတ် ၄ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ဟောင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက် အောက်ခံ SNA တပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူလယ်သမားများပါ မချန် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ ဇူလိုင် ၃၁ ရက်နေ့က ည ၈...

Latest news

- Advertisement -spot_img