32 C
Yangon
spot_img

CATEGORY

News

ကလေးဝမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်နာပြီး ပြန်လည် ဆုတ်ခွာသွား

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း က​လေးခရိုင် ပကဖ ခရိုင် တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင်...

ပုလဲ၊ ကန့်ဒေါင့်ရဲစခန်းကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်းကို သိမ်းဆည်းရရှိပြီဟု စစ်ကောင်စီက လိမ်လည် ဝါဒဖြန့်

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ ကန့်ဒေါင့် ရဲစခန်းကို အကြမ်းဖက် စစ်တပ်က သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်းကို သိမ်းဆည်းရရှိပြီဟု စစ်ကောင်စီက လိမ်လည် ဝါဒဖြန့်နေကြောင်း PLA တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁...

ဗန်းမော်မြို့သို့ စစ်သင်္ဘော ၉ စီး ရောက်ရှိသွားပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးကာ သင်္ဘောပေါ်မှ ပစ္စည်းများကို ချခိုင်းပြီး လုံခြုံရေး အပြည့်ချထား

ရန်ကုန်၊ ဩဂုတ် ၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘော ၉ စီး ရောက်ရှိသွားပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးကာ သင်္ဘောပေါ်မှ ပစ္စည်းများကို ချခိုင်းပြီး လုံခြုံရေး အပြည့်ချထားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင်...

နိုင်ငံသား တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးထားသည့် ဥပဒေ ပြဋ္ဌာန်းချက်များကို စစ်ကောင်စီက ရပ်ဆိုင်း

ရန်ကုန်၊ ဩဂုတ် ၂ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တချို့ကို ရပ်ဆိုင်းမှာ ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ လက်မှတ်နဲ့ထုတ်ပြန်ကြေညာထားပါတယ်။ အဲ့ဒီဥပဒေထဲက ပုဒ်မ ၅ ၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ မှာ ပါဝင်တဲ့...

မင်းအောင်လှိုင်က အောင်သောင်း၏သား ဗိုလ်ချုပ်ကြီး မိုးအောင်ကို အစိုးရ အဖွဲ့နှင့် စစ်ကော်မရှင်အသစ်တွင် မထည့်သွင်းတော့ဘဲ အငြိမ်းစားပေး ချောင်ထိုး၊ စစ်ကောင်စီ၏ နောက်ဆုံးနှုတ်ဆက်ဂုဏ်ပြုပွဲပင် မိုးအောင် မတက်တော့

ရန်ကုန်၊ ဩဂုတ် ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်မှုဝန်ကြီးဟောင်း အောင်သောင်း၏သားဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ကို အစိုးရအဖွဲ့သစ်နှင့် စစ်ကော်မရှင်အသစ်တွင် မထည့်သွင်းတော့ဘဲ စစ်ဘက်နှင့်အရပ်ဘက် တာဝန်များမှ အငြိမ်းစားပေးလိုက်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေး ခေါ်ပြီး စစ်ကောင်စီကိုဖျက်သိမ်းခြင်း၊...

မုဒုံမြို့နယ်တွင် Non CDM သားဖွားဆရာမ သီတာ၀င်းက စစ်ကောင်စီက ထုတ်ပေးထားသော ရက်လွန်အကြောဆေးများကို ထိုးပေးရာမှ ပြည်သူ ၂၉ ဦး ဆေးရုံတင်ရပြီး အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်း သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂ မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် Non CDM သားဖွားဆရာမ သီတာ၀င်းက ရက်လွန်အကြောဆေးများကို ထိုးပေးရာမှ ပြည်သူ ၂၉ ဦး ရှော့ဖြစ်ကာ ဆေးရုံတင်ရပြီး အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်း ကျောက်ကပ် ပျက်စီးပြီး သေဆုံးခဲ့ကြောင်း သေဆုံးသူအဘွားဒေါ်တင်သိန်းနှင့် ခင်မင်ရင်းနှီးသူများက...

မုံရွာ -မန္တလေးလမ်းပေါ်တွင် လုံခြုံရေးယူနေသော စစ်တပ်ကို မိုင်း ဆွဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် လုံခြုံရေး ယူနေသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း People's Defense Force - South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

မုံရွာ-မန္တလေး လမ်းပိုင်း စစ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းတွင် တာဝန်ကျနေသော စစ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင့် ငွေကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း Urban Hunter Force - UHF...

ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် -၂ စစ်ဆင်ရေးနယ်မြေ အဖွဲ့မှ...

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်...

Latest news

- Advertisement -spot_img