32 C
Yangon
spot_img

CATEGORY

News

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းနေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန် ကျေး ရွာကြားတွင် မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) မှ...

မင်းအောင်လှိုင်ခန့်ထားသည့် ဝန်ကြီးချုပ် ညိုစော ပထမဆုံး အုပ်ချုပ်ရေး အစည်းအဝေးခေါ်ယူပြီး လူလုံးထွက်ပြ၊ ညိုစောမှာ ယနေ့ အချိန်အထိ အာဏာရှင်ဟောင်း သန်းရွှေနှင့်မိသားစုထံသို့ အဝင်အထွက်ရှိနေဆဲဟုဆို

ရန်ကုန်၊ ဩဂုတ် ၂ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခန့်အပ်ထားသည့် ဝန်ကြီးချုပ် ညိုစောက ပထမဆုံး အုပ်ချုပ်ရေး အစည်း အဝေး ခေါ်ယူပြီး လူလုံးထွက်ပြလာသည်။ ယမန်နေ့ ဩဂုတ် ၁ ရက်နေ့ နေပြည်တော်တွင် ဝန်ကြီးချုပ် ညိုစောက အုပ်ချုပ်ရေး အစည်းအဝေးကို ပထမဆုံး ခေါ်ယူပြီး လူလုံးထွက်ပြကာ...

ကော့ကရိတ်လမ်းပိုင်းရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းအများအပြားကို စစ်ကာင်စီနှင့် DKBA ဘိုဘိအဖွဲ့ခိုးယူ

ရန်ကုန်၊ ဩဂုတ် ၂ ကရင်ပြည်နယ် ကော့ကရိတ်လမ်းပိုင်းရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းအများအပြားကို အကြမ်းဖက်စစ်ကာင်စီနှင့် DKBA ဘိုဘိအဖွဲ့က ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ကော့ကရိတ်လမ်းပိုင်း နွားခြံကုန်းရွာရှိ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များမှ ပစ္စည်းများ၊...

ကွတ်ခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများနှင့်ဒဏ်ရာရရှိသူများကို ကိုးကန့် MNDAA က ထောက်ပံ့ကြေးပေးအပ်

ရန်ကုန်၊ ဩဂုတ် ၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများကို ကိုးကန့် MNDAA က ထောက်ပံ့ကြေးပေးအပ်ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။ ကိုးကန့် MNDAA ၏ အထူးဒေသ ၁ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီက ဇူလိုင်လ ၃၀...

မိုးကုတ်မြို့အနောက်ပိုင်းကို မိုးသည်းထန်စွာ ရွာသွန်းနေချိန် စစ်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှုတချို့ရှိ

ရန်ကုန်၊ ဩဂုတ် ၂ မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့အနောက်ပိုင်းကို မိုးသည်းထန်စွာ ရွာသွန်းနေချိန် စစ်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...

မုံရွာနှင့်ချောင်းဦးမြို့နယ်ရှိ ချောင်းဆုံ နှင့်ရွှေဓားကျ ရွာတို့ကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ချောင်းဆုံရွာနှင့် ရွှေဓားကျရွာတို့ကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့...

နေပြည်တော်မှ ဗိုလ်ချုပ်ကြီးတချို့နှင့် ဗိုလ်ချုပ်များကို အရပ်ဝတ်ပြောင်းရန် မင်းအောင်လှိုင်က ကြိုတင် အသိမပေးဘဲ ကာ/လုံအစည်းအဝေးတွင်မှ ချက်ချင်း အမိန့် ပေး၍ စစ်ယူနီဖောင်းချွတ်ခိုင်း

ရန်ကုန်၊ ဩဂုတ် ၂ နေပြည်တော်မှ ဗိုလ်ချုပ်ကြီးတချို့နှင့် ဗိုလ်ချုပ်များကို အရပ်ဝတ်ပြောင်းရန် မင်းအောင်လှိုင်က ကြိုတင် အသိမပေးဘဲ ကာ/လုံအစည်းအဝေးတွင်မှ ချက်ချင်း အမိန့်ပေး၍ စစ်ယူနီဖောင်းချွတ်ခိုင်းခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း အပါအဝင်...

ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန် ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၆ ဦး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၀ နာရီ...

မြင်းမူ မြို့နယ် ကျေးရွာအချို့တွင် ဗုံးခိုကျင်းတူးနည်းအကြံပြုချက်များ၊ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းများကို ပြည်သူများအား အသိပညာပေး

ရန်ကုန်၊ ဩဂုတ် ၁ မြင်းမူ မြို့နယ် ကျေးရွာအချို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓိက အကြမ်းဖက်မှုဖြစ်သည့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြ‌ စေရန် ဗုံးခိုကျင်းတူးနည်းအကြံပြုချက်များ၊ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းများ အသိပညာပေး ဟောပြောကာ စပ်တပ်လေထီး (paramotor)နှင့် ဂျိုင်ရိုကော်ပတာ၊ အကြောင်းသိသင့်သိထိုက်သည်များနှင့် ဗုံးခိုကျင်းတူးနည်းအကြံပြုချက် များပါသော လက်ကမ်းစာစောင်များလည်း...

လက်ပံတန်းမြို့နယ်၊ မိုးဆယ်ရွာသား ကိုဝင်းထွန်းကို လက်နက်ကိုင် ပျူစောထီး ဖိုးဖြူက ပစ်သတ်ပြီး ရဲစခန်းတွင် တိမ်းရှောင်နေ

ရန်ကုန်၊ ဩဂုတ် ၁ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မိုးဆယ်ရွာသား ကိုဝင်းထွန်းကို လက်နက်ကိုင် ပျူစောထီး ဖိုးဖြူက ပစ်သတ်ပြီး ရဲစခန်းတွင် တိမ်းရှောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၃၀ ရင်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊...

Latest news

- Advertisement -spot_img