25 C
Yangon
spot_img

CATEGORY

News

နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများက ထိန်းချုပ်နယ်မြေများ အတွင်းသွားရောက်၍ ဒေသ ပြည်သူများ အပါအဝင် တော်လှန်ရေး ရဲဘော်များနှင့် သွားရောက် တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၃၀ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရ တာဝန်ရှိသူများက NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်၍ ဒေသ ပြည်သူများ အပါအဝင် တော်လှန်ရေးရဲဘော်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သည် အမျိုးသား ညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊...

မဲပလီ ဗျူဟာ စခန်းသိမ်း တိုက်ပွဲတွင် သရက်ချောင်း အခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးက ဒဏ်ရာရ စစ်သည်များကို ခေါ်ဆောင်ခြင်းမရှိဘဲ ထွက်ပြေးသွားဟု စစ်သုံ့ပန်းများ ပြောဆို

ရန်ကုန်၊ ဇူလိုင် ၃၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီ ဗျူဟာ စခန်းသိမ်း တိုက်ပွဲတွင် သရက်ချောင်း အခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးက ဒဏ်ရာရ စစ်သည်များကို ခေါ်ဆောင်ခြင်းမရှိဘဲ ချန်ထားခဲ့ကာ ထွက်ပြေးသွားကြောင်း စစ်သုံ့ပန်းများက ဝန်ခံပြောဆိုခဲ့သည်ဟု သထုံခရိုင်တပ်မဟာ ၁ PDF...

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကျဲမှု စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်မီးပြန်လောင် ကျွမ်းမည့် အန္တရာယ် မြှင့်တင်ဟု ကိုးကန့် MNDAA က သတိပေးကြေညာ

ကွတ်ခိုင်တွင် အရပ်သား ၇ ဦးသေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများတွင် တရုတ်နိုင်ငံသား ၁ ဦးပါဝင် ရန်ကုန်၊ ဇူလိုင် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ ဗုံးကျဲချမှု သည် ခက်ခဲစွာရရှိထားသော စစ်ပြေငြိမ်းရေး သဘော တူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်မီးပြန်လောင်ကျွမ်းရန် အန္တရာယ်...

ကန့်ဘလူမြို့နယ်၊ ချာဂျင်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ပြည်သူ ၅ ဦးသေဆုံးဟု ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား၊ ပုလောမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃၀ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သုံးခွရွာအနီးရှိ ချာဂျင်ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်...

ကော့သောင်းနှင့် သရက်ချောင်း တို့တွင် စစ်မှုထမ်း တပ်သား ၂ ဦး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၃၀ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ခမရ ၄၃၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကော့သောင်းမြို့နယ် အခြေစိုက် အမှတ် ၄၃၁...

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာရှိ ပုပ္ပာရုံ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး စစ်ဘေးရှောင် ပြည်သူ ၅ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ ဇူလိုင် ၃၀ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ပုပ္ပာရုံ ဘုန်းကြီးကျောင်းတိုက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး စစ်ဘေးရှောင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃၀ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက အကြမ်းဖက်စစ်ကောင်စီ၏ ငလျင်ဘေး အလှူငွေများသုံးကာ ပြည်သူကို တိုက်ခိုက်‌နေသည်ကို ဆန့်ကျင်သည့်အနေနှင့် "ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်"၊ "ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"၊ "နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"...

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည် ဆုတ်ခွာ

ရန်ကုန်၊ ဇူလိုင် ၃၀ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း People's Servant Revolution - Wetlet မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ရဲ ၈ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ မိသားစုဝင် ၂ ဦးကိုပါ အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၃၀ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၈ ဦးသေဆုံးပြီး ရဲ သုံ့ပန်း ၂ ဦး နှင့်အတူ ရဲမိသားစုဝင် ၂ ဦးကိုပါ အရှင်ဖမ်းမိခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်၏ ဆားဂွန်းဂိတ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃၀ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်၏ ဆားဂွန်းဂိတ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Phyu Township People's Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

Latest news

- Advertisement -spot_img