31.8 C
Yangon
spot_img

CATEGORY

News

ကရင်နှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၀ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သဖြင့် တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU နှင့် AA တို့က သတင်းထုတ်ပြန်သည်။ ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီ...

မတ္တရာ၊ တောင်သာနှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်...

ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင်

ရန်ကုန်၊ မတ် ၁၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ကို...

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံးစစ်သား အလောင်း ၃ ခုကို တွင်းတစ်ခု အတွင်း စုပြုံထိုးထည့် စွန့်ပစ်ခဲ့

ရန်ကုန်၊ မတ် ၁၀ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံး စစ်သား အလောင်း ၃ လောင်း ကို တွင်းတစ်ခုအတွင်း စုပြုံစွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တနင်္သာရီမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁...

မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်

ရန်ကုန်၊ မတ် ၁၀ အကြမ်းဖက် မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်းက နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်သွားခဲ့ကြောင်း နေပြည်တော်အေလာတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့ ညပိုင်း နေပြည်တော်အေလာလေတပ်သို့ ရုရှားကုန်တင်လေယာဉ် IL 76-RA-76842 (ilyushin il-76TD)...

လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံတွင် Non CDM ဝန်ထမ်းများက ဆီဂါလံ ရာချီ အပါအဝင် သံထည်ပစ္စည်းများ အားလုံးကို ခိုးယူ ရောင်းစားမှု စိစစ်တွေ့ရှိရ

ရန်ကုန်၊ မတ် ၁၀ ရှမ်းပြည်နယ်အခြေစိုက် လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံတွင် Non CDM ဝန်ထမ်းများက ဆီဂါလံ ၃၁၃ ဂါလံ အပါအဝင် သံထည်ပစ္စည်းများ အားလုံးကို ခိုးယူ ရောင်းစားမှုဖြစ်ပွားကြောင်းကြောင်း မြန်မာ့မီးရထား CDM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

“Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေ”ဟု မင်းအောင်လှိုင် မှားယွင်းပြောဆိုခဲ့မှု သတင်းစာ ပြင်ဆင်ချက်ထည့်ရသည့်အပြင် သတင်းရုပ်/သံဗီဒီယိုများအားလုံးကို ပြင်ဆင်တည်း ဖြတ်ခိုင်း

ရန်ကုန်၊ မတ် ၁၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံရောက်ရှိစဉ် ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေ"ဟု မှား ယွင်းပြောဆိုခဲ့မှုအပေါ် စစ်ကောင်စီပိုင် သတင်းစာများတွင် ပြင်ဆင်ချက်ထည့်သွင်းရသည့်အပြင် သတင်းရုပ်သံ ဗီဒီယိုများအားလုံးတွင်လည်း ပြန်လည် ပြင်ဆင်တည်းဖြတ်ခိုင်းကြောင်း သိရှိရသည်။ မတ်လ...

ရန်ကုန်တွင် မြေပြင်သပိတ်အင်အားစုများက အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများ ILO ညီလာခံတွင် အရေးယူပေးပါရန် တောင်းဆိုသည့် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ မတ် ၁၀ ရန်ကုန်တွင် မြေပြင်သပိတ်အင်အားစုများက “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီများ ဝတ်ဆင်၍ အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို ILO ညီလာခံတွင် အရေးယူပေးပါရန် တောင်းဆိုသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြ‌ကြောင်း သိရှိရသည်။ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်၄...

စစ်မှုထမ်း အပတ်စဉ် ၈ ဆင်း ခလရ ၂၅၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အလင်းဝင်

ရန်ကုန်၊ မတ် ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ခလရ ၂၅၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မတ်လ ၈ ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ ၂၅၉...

အုတ်ဖိုရှိ ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးစဉ် ပြည်သူများ ထွက်ပြေးသွားသဖြင့် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အဖိုးတန်ရွှေ၊ငွေနှင့် ရတနာများကိုလည်း စစ်သားများက လုယက်

ရန်ကုန်၊ မတ် ၁၀ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ အားလုံးထွက်ပြေးသွား၍ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် အဖိုးတန်ရွှေ၊ငွေနှင့် ရတနာများကိုလည်း စစ်သားများက လုယက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၉ ရက်နေ့...

Latest news

- Advertisement -spot_img