31 C
Yangon
spot_img

CATEGORY

News

ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲ နာရီပိုင်းအတွင်း အရှိန်မြင့်တက်လာပြီး ထိုင်းပြည်သူ ၈ ဦးသေဆုံးကာ ထိုင်းလေတပ်ကလည်း ကမ္ဘောဒီးယားစစ်စခန်း ၂ ခုကို ဗုံးကျဲ၊ ပြည်ပရောက် မြန်မာများအနေဖြင့် ပဋိပက္ခကို မီးလောင်ရာလေပင့် မလုပ်ကြဘဲ သတိပြု နေထိုင်ကြရန် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၂၄ ယနေ့ နံနက်ပိုင်း စတင်ခဲ့သော ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲ နာရီပိုင်းအတွင်း အရှိန်မြင့်တက်လာပြီး ထိုင်းပြည်သူ ၈ ဦးသေဆုံးကာ ထိုင်းလေတပ်ကလည်း ကမ္ဘောဒီးယားစစ်စခန်း ၂ ခုကို ဗုံးကျဲမှုများဖြင့် တန်ပြန်တိုက်ခိုက်သည်။ ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ ကမ္ဘောဒီးယားက ဒုံးကျည်များဖြင့် ထိုင်းအရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့်...

မြစ်ခြေမြို့တွင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံးဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၄ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး နေအိမ် အလုံး ၂၀၀ ခန့် ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ထက်မနည်းသေဆုံး ခဲ့ကြောင်း ပခုက္ကူခရိုင်...

ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှ နေအိမ်များ မီးလောင်

ရန်ကုန်၊ ဇူလိုင် ၂၄ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာကို အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်အချို့ မီးလောင်နေကြောင်း Tigyaing Revolution -TR အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ ၂၄ ရက်နေ့ ၉ နာရီ ၇...

ထိုင်းနှင့်ကမ္ဘာဒီးယားတို့ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ကမ္ဘောဒီးယားက ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄ ထိုင်းနှင့်ကမ္ဘာဒီးယားတို့ နယ်စပ်တွင် ပိုင်နက်နယ်မြေများ အငြင်းပွားရာမှ အပြန်အလှန်ပစ်ခတ်မှုစတင်ဖြစ်ပွားပြီး ကမ္ဘောဒီးယားက ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၈ နာရီကျော်အချိန်မှစတင်၍ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် နှစ်ဖက် ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားက...

သီပေါမြို့ကို စစ်တပ်က ဝင်ရောက်တော့မည်ဖြစ်၍ ပြည်သူများ ယာယီထွက်ခွာရန်ဆိုသော ကောလာဟလများဆက်တိုက် ထုတ်လွှင့်နေသဖြင့် ပြည်သူအများစု ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ ဇူလိုင် ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့ သို့ စစ်တပ်က ဝင်ရောက်တော့မည်ဖြစ်၍ ပြည်သူများ ယာယီထွက်ခွာကြရန်ဆိုသော ကောလဟလများဆက်တိုက် ထုတ်လွှင့်နေကြောင်း သီပေါမြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့ စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ပြန်လည်...

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကုလသမဂ္ဂဆိုင်ရာ မလေးရှားသံအမတ်ကြီး တို့တွေ့ဆုံပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့်အကြမ်းဖက် လုပ်ရပ်များကို ဆွေးနွေး၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဖိုရမ်သို့လည်း CRPH တက်ရောက်

ရန်ကုန်၊ ဇူလိုင် ၂၄ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကုလသမဂ္ဂဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Ahmed Faisal Muhamad တို့တွေ့ဆုံပြီး မြန်မာစစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့်အကြမ်းဖက် လုပ်ရပ်များကို ဆွေးနွေးခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၂၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊...

မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲခန့် ကျော်လွန်နေပြီး ၃ ပေခန့် ဆက်လက်မြင့်တက်လာနိုင်၍ ပြည်သူများ ရေဘေးဒုက္ခကြုံနေရ

ရန်ကုန်၊ ဇူလိုင် ၂၄ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၉ ပေခွဲခန့် ကျော်လွန်နေပြီး ၃ ပေခန့် မြစ်ရေဆက်လက်မြင့်တက်နိုင်၍ ပြည်သူများ ရေဘေးဒုက္ခကြုံနေရကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေးသမားများထံမှ သိရှိရသည်။ ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှစတင်၍ သောင်ရင်းမြစ်ရေသည် တအိအိမြင့်တက်လာခဲ့ရာမှ မြဝတီမြို့၏ စိုးရိမ်ရေအမှတ်...

တော်လှန်ရေးတပ်များအကြား အချင်းချင်း ယုံကြည်နားလည်မှု ကွဲပြားစေရန်နှင့် PDF များ အစုလိုက် အပြုံလိုက် အလင်းဝင်လာရေး အခွင့်အရေးပေးခြင်း၊ လက်နက်ကိုင်စိတ်ဓာတ်များ ပျက်ပြားစေရေး စည်းရုံးသိမ်းသွင်းရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၂၄ စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသော တော်လှန်ရေးတပ်များအကြား အချင်းချင်း ယုံကြည်နားလည်မှု ကွဲပြားစေရန်နှင့် PDF များ အစုလိုက်အပြုံလိုက် အလင်းဝင်လာရေး အခွင့်အရေးပေးခြင်း၊ လက်နက်ကိုင်စိတ်ဓာတ်များ ပျက်ပြားစေရေး စည်းရုံးသိမ်းသွင်းရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၅...

အုတ်ဖိုတွင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကြို့ကိုးပင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်စဉ် စစ်သား အားလုံးတပ်ပျက်ပြီး ထွက်ပြေးသွား

ရန်ကုန်၊ ဇူလိုင် ၂၃ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကြို့ကိုးပင်ရွာကို ဝင်ရောက် စီးနင်း တိုက်ခိုက်စဉ် စစ်သား အားလုံးတပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၂၃...

လောင်းလုံးနှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၃ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၂၃...

Latest news

- Advertisement -spot_img