24 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီက ထုတ်လုပ်နေသည့် မဲလိမ်မဲခိုးမည့် အီလက်ထရောနစ် မဲပေးစက် (သို့မဟုတ်) HRVM- လူ့အခွင့်အရေးချိုးဖောက်စက်

By စစ်မင်းနိုင်သူ အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ တရားမဝင်အတုအယောင်ရွေး ကောက်ပွဲမှာ အသုံးပြုဖို့ ပြင်ဆင်နေတဲ့ အီလက်ထရောနစ် မဲပေးစက် (Electronic Voting Machine- EVM) ဆိုတာတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတဦးတယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အလွယ်တကူ ချိုးဖောက်နိုင်ဖို့ စနစ်တကျသေချာ ပြင်ဆင်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်စက်(Human Rights Violation...

ပြင်ဦးလွင်၊ ဇီးပင်ကြီးရွာရှိ နေအိမ် ၃၀၀ ဝန်းကျင်နှင့်ဘုန်းကြီးကျောင်းများကို မင်းအောင် လှိုင် အမိန့်ဖြင့် ယနေ့ နောက်ဆုံးထား ဖျက်ခိုင်းနေပြီး မဖျက်လျှင် ထောင်ဒဏ်ချမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၂၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာရှိ နေအိမ် ၃၀၀ ဝန်းကျင်နှင့်ဘုန်း ကြီးကျောင်းများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန့်အရ ယနေ့ နောက်ဆုံးထား ဖျက် သိမ်းခိုင်းပြီး မဖျက်သိမ်းလျှင် ထောင်ဒဏ်ချမှတ်အရေးယူမည်ဟု စစ်တပ်က ခြိမ်း ခြောက်ထားသည်။ ဇူလိုင်လ ၁၄ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုရှိ...

အင်းစိန်ထောင်တွင် စစ်တပ်စစ်ကြောရေး၏ ညှဉ်းပန်းနှိပ်စက်ခဲ့သော ဒဏ်ရာများဖြင့် ကွယ်လွန်သူ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ယနေ့ နံနက်ပိုင်း ရေဝေးသုဿာန်တွင် သဂြိုလ်မည်

ရန်ကုန်၊ ဇူလိုင် ၂၂ အင်းစိန်အကျဉ်းထောင်တွင် အကြမ်းဖက် စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်ခဲ့သော ဒဏ်ရာများဖြင့် ဆေးကုသခွင့်မရရှိဘဲ ကွယ်လွန်ခဲ့သူ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ယနေ့ နံနက်ပိုင်း သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့သော မဝတ်ရည်အောင် ကို ဇူလိုင်လ ၂၁ ရက်နေ့တွင်...

နောင်ချိုကို အောင်ဇေယျစစ်ဆင်ရေးဖြင့် ပြန်သိမ်းယူပြီး အားသာချက်နှင့်အားနည်းချက်များ သုံးသပ်ကာ နယ်မြေ စိုးမိုးရေး အရှိန်အဟုန်ဖြင့် ဆက်လုပ်မည်ဟု စိုးဝင်း ကြုံးဝါးပြန်

ရန်ကုန်၊ ဇူလိုင် ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့ကို အောင်ဇေယျစစ်ဆင်ရေးဖြင့် ပြန်လည်သိမ်းယူပြီး အားသာချက်နှင့်အားနည်းချက်များကို သုံးသပ်ကာ နယ်မြေစိုးမိုးရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု အကြမ်းဖက် ဒုစစ်ခေါင်း ဆောင် စိုးဝင်းက ပြောဆိုကြုံးဝါးသည်။ ယမန်နေ့ နောင်ချိုမြို့သို့ သွားရောက်ပြီး နောင်ချိုမြို့ ပြန်လည် သိမ်းပိုက်ရေးတွင်ပါဝင်ခဲ့သော...

ပခုက္ကူ မြို့နယ် ညောင်ဂျစ်ပင် ပျူစောထီးရွာနှင့် ရေစကြိုမြို့နယ် ကျောက်လှေခါး‌ရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ် ကို ဒရုန်း၊ ရော့ကတ် များဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Garuda Secret Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူစောထီး ကျေးရွာကို တော်လှန်ရေး မဟာမိတ်...

ရွှေဘိုမြို့နယ်တွင် တောင်ယာ ရိတ်သိမ်းနေသော ပြည်သူများကို မကြာခဏ လာရောက်ပစ်ခတ်သည့် သီလုံးရွာ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၁ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် တောင်ယာ ရိတ်သိမ်းနေသော ပြည်သူများကို မကြာခဏ လာရောက်ပစ်ခတ်သည့် သီလုံးရွာ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင်...

လောင်းလုံးမြို့နယ် အတွင်းရှိ လက်ခတ်တောင် တာဝါတိုင်စခန်း၊ စစ်တပ် စစ်ကြောင်းနှင့် စစ်ရေယာဉ်များကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်းရှိ လက်ခတ်တောင် တာဝါတိုင်စခန်း၊ စစ်တပ် စစ်ကြောင်းနှင့် စစ်ရေယာဉ်များကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ထား၀ယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၃ဝ...

ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၁ ပဲခူးတိုင်း၊ ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း 31 UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၁...

မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၆ ဦး အရှင်မိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၁ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၆ ဦး အရှင်မိကာ လက်နက်ခဲယမ်း အမြောက်အများ...

သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ ပြည်သူအများစု သီပေါမြို့မှ ထွက်ခွာတိမ်းရှောင်

ရန်ကုန်၊ ဇူလိုင် ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် သီပေါမြို့အခြေစိုက် ယခင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ...

Latest news

- Advertisement -spot_img