24.7 C
Yangon
spot_img

CATEGORY

News

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူရေးလှုံ့ဆာ်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်၊ မတ် ၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူရေး “ ILO implement Article 33 On Myanmar Now 2025 ” စာသားပါ လက်ကမ်းစာစောင်များ...

စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ်ထိုးရန် အဟောသိကံ ဖြစ်ဟု ဦးကျော်မိုးထွန်းပြော

မြန်မာစစ်တပ်ထံသို့ လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီဖြတ်တောက်ရေး တောင်းဆိုနေချိန် စစ်ကောင်စီက ရုရှားအကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်တော့မည် ရန်ကုန်၊ မတ် ၆ နိုင်ငံတကာ နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ် နိုင်ရေးမှာ စစ်အာဏာသိမ်းမှုကြောင့် အဟောသိကံ ဖြစ်သွားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုသည်။ မတ်လ ၅...

ရုရှားဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာအလုပ်သမား ၂၄ ဦးကို G to G အစီအစဉ်ဖြင့် စတင်စေလွှတ်ပြီး ဝန်ဆောင်ခ Zero Cost ဖြင့်ပို့ဆောင်၊ ရုရှားနှင့်မြန်မာ MoU လက်မှတ်ထိုးရန် ညှိနှိုင်းနေ

ရန်ကုန်၊ မတ် ၆ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာအလုပ်သမား ၂၄ ဦးကို နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင် ရွက်သည့် G to G အစီအစဉ်ဖြင့် စတင်စေ လွှတ်ပြီး ဝန်ဆောင်ခ Zero Cost ဖြင့်ပို့ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင် စီ ၏ ထုတ်ပြန်ချက်နှင့်...

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ မတ် ၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း ဒေသ သတင်းရင်း မြစ် ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူရေး ဆန္ဒပြတောင်းဆို

ရန်ကုန်၊ မတ် ၆ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူရေး ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ ချောင်းဦးမြို့နယ်သပိတ်အင်အားစုက ဦးဆောင်၍ "ILO ပုဒ်မ ၃၃အရ အရေး ယူဆောင်ရွက်ပေး"၊ ILO implement Article 33 on...

ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို သွားရောက် တားမြစ်ရာမှ MNDAA က ပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး၊ တရားမျှတမှု ရရှိရေး ပြည်သူများတောင်းဆို

ရန်ကုန်၊ မတ် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ဒေသပြည်သူများက သွား ရောက် တားမြစ်ရာမှ အချင်းများပြီး MNDAA က ပစ်ခတ်၍ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ...

ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဘွဲ့နှင့် ဆမ မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်သင်ကြားခွင့် ပိတ်ပင်

ရန်ကုန်၊ မတ် ၆ မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို နိုင်ငံ့ဝန်ထမ်း မလုပ်၍ စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဆေး ပညာဘွဲ့နှင့်ဆေးကုသခွင့်လက်မှတ် (ဆမ) မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်လက်သင်ကြားကိုပါ ပိတ်ပင်လိုက်ကြောင်း ဆရာဝန်များနှင့်...

မြ၀တီမြို့နယ်၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းမည်ဖြစ်ပြီး တရုတ်က လေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ

ရန်ကုန်၊ မတ် ၆ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို BGF က ထိုင်းနိုင်ငံသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံကလည်း ၎င်း၏ နိုင်ငံသားများကို သီးသန့်လေယာဉ်ခရီးစဉ်များဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူနေပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား...

ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာအနီး စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိ

ရန်ကုန်၊ မတ် ၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မတ် ၅ ရက်နေ့က ကန့်ဘလူမြို့နယ် ၊ ရွှေဘို -...

ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီ တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော လူငယ်တချို့ စစ်မှုထမ်းတပ်သားများအဖြစ် ပြန်လည်တွေ့ရှိရ

ရန်ကုန်၊ မတ် ၆ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်း တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူမပြည့်သေး၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပျောက်ဆုံးနေသော လူငယ် တချို့ စုဆောင်းရေးတပ်ထဲရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ...

Latest news

- Advertisement -spot_img