26 C
Yangon
spot_img

CATEGORY

News

ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားသော မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသည့်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး လုပ်ကိုင်ကြရန် ပြောဆိုပြန်

ရန်ကုန်၊ ဇူလိုင် ၂၀ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားသော အကြမ်း ဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသည့်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး လုပ်ကိုင်ကြရန် ပြောဆိုပြန်သည်။ ယမန်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့စဉ် စစ်တပ်လက် အောက်ခံ...

ကြံ့ဖွတ်ပါတီ ဝင်ရောက်ထားလျှင် စစ်မှုထမ်းအဖြစ်​ ပေါ်တာဆွဲဖမ်းဆီးမှုများကို ချက်ချင်းအရေးယူ ဖြေရှင်းပေးမည်ဆိုသော ကတိကဝတ်ဖြင့် ပါတီဝင်လူငယ် ထောင်ချီ စုဆောင်း

ရန်ကုန်၊ ဇူလိုင် ၂၀ စစ်တပ် လက်အောက်ခံ နိုင်ငံရေးပါတီဖြစ်သော ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ထားလျှင် စစ်မှု ထမ်းအဖြစ် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ ကင်းဝေးမည်ဆိုသော ကတိကဝတ်ဖြင့် ပါတီဝင်လူငယ် ထောင်ချီ စုဆောင်းရရှိထားကြောင်း မကြာသေးမီက ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်း ဧပြီလမှစတင်၍ ကြံ့ဖွတ်ပါတီအတွင်းသို့...

ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စဉ့်ကူ စခန်းမှူး အပါအဝင် ၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ၊ စစ်တပ်က နေအိမ် ၉၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၉ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် စဉ့်ကူရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စဉ့်ကူ စခန်းမှူးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Bagan Bo Cho တပ်ဖွဲ့တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်...

ရန်ကုန် မှော်ဘီ ရဲတပ်ရင်း ၅ မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် မောင်ငြိမ်းမင်း လက်ပစ်ဗုံးနှင့် ကျည်ဆန်များ ယူဆောင်လာပြီး ပကဖ ထံ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်တိုင်း မှော်ဘီ ရဲတပ်ရင်း ၅ မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် မောင်ငြိမ်းမင်း လက်ပစ်ဗုံးနှင့် ကျည်ဆန်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အာဇာနည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ အာဇာနည်နေ့ အခမ်းအနားကို ကျဆုံးပြည်သူများ၏ ဗိမာန်တွင် သွားရောက် အလေးပြုခဲ့ကာ ကျင်းပခဲ့ကြောင်း သိရှိရသည်

အရာတော်မြို့နယ်တစ်နေရာတွင် အာဇာနည်အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ အရာတော်မြို့နယ်တစ်နေရာတွင် လူငယ် လွတ်မြောက်ရေး အဖွဲ့ချုပ်(YLA)က အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့်လက်တွဲကာ အာဇာနည်အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားတွင် နိုင်ငံရေးတရားဟောပြောခြင်း၊ကဗျာရွတ်ခြင်း၊တက်ရောက်လာသောအဖွဲ့စည်းများမှ ဂါရ၀ပြုကြခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အား ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်ရောက် မြန်မာပြည်သူများက ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီသံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာပြည်သူများက ၇၈ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဦးညွှတ်သည့် အခမ်းအနားကို ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် ၇၈ နှစ်တိုင်သွားသည့်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့ကြောင်း၊ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့်...

ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းက ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် သူရဲကောင်းရဲဘော်များအား ဂုဏ်ပြုပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် ၁ စစ်ဒေသ၊ ဗျူဟာ - ၅၂၊ ရွှေဘိုခရိုင် အမှတ် (၇)တပ်ရင်းက ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော သူရဲကောင်းရဲ​ဘော်များအား ဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုခရိုင် အမှတ်...

မင်းလှမြို့နယ် အတွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ...

Popa Guerilla Force(PGF) တပ်ဖွဲ့က ၇၈ နှစ်မြောက် အာဇာ‌နည်နေ့ အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ Popa Guerilla Force(PGF)တပ်ဖွဲ့က ၇၈ နှစ်မြောက် အာဇာ‌နည်နေ့ကို အောက်မေ့သတိရလျက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်အပေါင်းနှင့် တောင်တောကျေးရွာ တိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားသော ရဲဘော်ဘဦး၊ရဲဘော်ရဲခေါင်၊ရဲဘော်နဂါးတို့ကို လွမ်းသူ့ပန်းခွေချ၊သေနတ်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုအခမ်းအနားပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img