26 C
Yangon
spot_img

CATEGORY

News

အလင်းဝင်ထားသော ဗိုလ်ကြီးမျိုးဆွေဦး၏ ချိတ်ဆက်ပေးမှုဖြင့် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင် KNLA ထံတွင် ထပ်မံ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၄ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ထံတွင် အလင်းဝင်ခဲ့သော ဗိုလ်ကြီးမျိုးဆွေဦး၏ ချိတ် ဆက်ပေးမှုဖြင့် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်လည်း ထပ်မံ အလင်းဝင်လာကြောင်း KNU မြိတ် -ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇူလိုင်လ...

ကျုံဒိုးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေး အပါအဝင် ကလေးငယ် ၄ ဦးဒဏ်ရာရ ၊ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထီးသဲလယ်ရွာစာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၄ ဦးဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်းရှိ...

စစ်တပ်က KNLA ပူးပေါင်းတပ်များကို ကာမိကာဇေဒရုန်း ၄ စီးဖြင့် တိုက်ခိုက်၊ တော်လှန်ရေးတပ်များကလည်း ထိုင်း-မြန်မာနယ်စပ်မှ လက်ကျန်စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ရေး အရှိန်မြှင့်ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဇူလိုင် ၁၄ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် အကြမ်းဖက်စစ်တပ်က KNLA ပူးပေါင်းတပ်များကို ကာမိကာဇေဒရုန်း ၄ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြ သည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ KNLA နှင့်ပူးပေါင်းတပ်များကို စစ်ကောင်စီက ကာမိကာဇေ...

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများအားလုံး အတိုက်ခံရတိုင်း လက်လွှတ်ဆုံးရှုံးရမှု အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ကို စစ်ကောင်စီက ထုချေလွှာတင်ခိုင်း

ရန်ကုန်၊ ဇူလိုင် ၁၄ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၇ နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး အတိုက်ခံရတိုင်း လက်လွှတ်ဆုံးရှုံးနေရမှုနှင့်ပတ်သက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ကို စစ်ကောင်စီက ထုချေလွှာ တင်ခိုင်းထားကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်ရှိ...

မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ည လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၄ မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ အပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၀...

ပန်းတောင်းမြို့နယ်၊ မသုန်ရွာ အခြေစိုက် ကပစ ၁၆ မှ စစ်ကောင်စီ တပ်သား ၄ ဦး တော်လှန်ရေး တပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၃ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာ အခြေစိုက် ကပစ ၁၆ မှ စစ်ကောင်စီ တပ်သား ၄ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း YOMA AYA People's Defense Force က ပြောဆိုသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊...

လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော နေရာများကို တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၁၃ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော နေရာများကို တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ထိ...

မြိုင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များကို သင်တန်းပေးနေသော စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၃ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ်သားသစ်များကို သင်တန်းပေးနေသော စခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ရဲဘော် ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀မိနစ်ခန့်မှ...

ဟားခါးမြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၃ ချင်းပြည်နယ်၊ ဟားခါးမြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Chinland Defense Force-Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၆ ရက်နေ့တွင် ဟားခါးမြို့ ရဲစန်းမှ ရဲ...

စစ်ကောင်စီထံတွင် လက်နက်ချ အလင်းဝင်ရန် ဆက်သွယ်၍ ရန်ကုန် ပြန်လာသော PDF သင်တန်းဆင်း ဝေယံဇော်(ခ) ဖိုးချိုကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးလုပ်နေ

ရန်ကုန်၊ ဇူလိုင် ၁၃ အကြမ်းဖက်စစ်ကောင်စီထံတွင် လက်နက်ချ အလင်းဝင်ရန် ဆက်သွယ်ပြီး ရန်ကုန်သို့ ပြန်လာသော PDF သင်တန်းဆင်း မောင်ဝေယံဇော်(ခ) ဖိုးချိုကို စစ်တပ်က ချက်ချင်းဖမ်းဆီးပြီး စစ်ကြောရေးလုပ်နေကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဇေယျာ ၄ လမ်းတွင် နေထိုင်သော...

Latest news

- Advertisement -spot_img