28 C
Yangon
spot_img

CATEGORY

News

ရေစကြိုတွင် ခလရ ၂၅၆ ၊ ၂၅၇ နှင့် ၂၅၈ တပ်ရင်းတို့ အတွက် ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၈ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ခလရ ၂၅၆ ၊ ၂၅၇ နှင့် ၂၅၈ တပ်ရင်းတို့ အတွက် ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း...

ပေါက်နှင့် ကမ္မ မြို့နယ် အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာမြိုနယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၈ မကွေးတိုင်း၊ ပေါက်နှင့် ကမ္မ မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့က ပြောဆိုသည်။ ဇူလိုင်လ ၇ ရက်နေ့ ည ၈ နာရီ...

ပေါင်းတည် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ကိုလှမင်း (ခ) ကိုလှကြီး ရုတ်တရက် နှလုံးရပ်၍ သေဆုံး

ရန်ကုန်၊ ဇူလိုင် ၈ ပဲခူးတိုင်း၊ ပေါင်းတည် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ကိုလှမင်း (ခ) ကိုလှကြီး ရုတ်တရက် နှလုံးရပ်၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ‌ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇူလိုင်လ ၅ ရက်နေ့တွင် ပေါင်းတည်...

ဗန်းမော်ထိုးစစ်မရပ်လျှင် ကချင်ပြည်နယ်မှ မြေရှားသတ္တုဝယ်ယူမှု ရပ်ဆိုင်းမည်ဟု တရုတ်က KIA ကို ခြိမ်းခြောက် ရာဇသံပေး

ရန်ကုန်၊ ဇူလိုင် ၈ ဗန်းမော်ထိုးစစ်မရပ်လျှင် ကချင်ပြည်နယ်မှ မြေရှားသတ္တုဝယ်ယူမှု ရပ်ဆိုင်းမည်ဟု တရုတ်က KIA ကို ခြိမ်းခြောက် ရာဇသံဖြင့် ဖိအားပေးနေကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ တစ်စိတ်တစ်ပိုင်းသည် ကချင်ပြည်နယ်အတွင်း တရုတ် ကျားကန်ပေးထားသော စစ်ကောင်စီနှင့် KIA တပ်များအကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော...

ကန့်ဘလူတွင် ကင်းလှည့်ရန် ထွက်လာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၈ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေဦး အနောက်ပိုင်းဇုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

ချင်းတွင်းမြစ်တွင် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ရန် စစ်သင်္ဘောများ ဆန်တက်လာ၊ လမ်းတစ်လျှာက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ မြစ်ကမ်းဘေးရွာများ ယာယီစစ်ဘေးရှောင်ရ

ရန်ကုန်၊ ဇူလိုင် ၈ ချင်းတွင်းမြစ်ကြောင်းအတိုင်း အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောများ၊ Speed Boards များ၊ တွဲတွန်းဖလပ်များက တရုတ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများ သယ်ရန် ဆန်တက်လာပြီး လမ်းတစ်လျှာက် ပစ် ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဇူလိုင်လ ၇...

နိုင်ငံရေးအကျဉ်းသားများကို ဦးတည်ဖိနှိပ်ရန် ထောင်ပြောင်းရွှေ့မှုများကို စစ်ကောင်စီက စစ်ဆင်ရေးတစ်ရပ်အသွင် လုပ်ဆောင်လာ

ရန်ကုန်၊ ဇူလိုင် ၈ နိုင်ငံရေးအကျဉ်းသားများကို ဦးတည်ဖိနှိပ်ရန်အတွက် ထောင်ပြောင်းရွှေ့မှုများကို အကြမ်းဖက်စစ်ကောင်စီနှင့် ထောင်အာဏာပိုင်များက စစ်ဆင်ရေးတစ်ရပ်အသွင်ဆောင်ရွက်လာကြောင်း Myanmar Prison Witness မှ ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ Myanmar Prison Witness ၏ စောင့်ကြည့်မှုအရ အကျဉ်းထောင် အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း...

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရေး – ထားဝယ်လမ်းမပေါ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ် သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇူလိုင် ၈ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ကင်းပုန်းဝပ်ရန် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက...

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သုခစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး စစ်တပ်စခန်းတစ်ခုကိုလည်း ထပ်မံ ပိတ်ဆို့ထား၊ စစ်သားအများစု ထိုင်းဘက်သို့ ထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်လုံးတွင် စစ်တပ်စခန်း ၁ ခုသာ ကျန်တော့ ရန်ကုန်၊ ဇူလိုင် ၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သုခစစ်စခန်းကို KNLA ၊ PDF တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စခန်းတစ်ခုကိုလည်း ထပ်မံ ပိတ်ဆို့ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

လေးမျက်နှာနှင့် အင်္ဂပူ မြို့နယ်အစပ် တိုက်ပွဲတွင် တတက ၅ မှ ဗိုလ်ကျော်မျိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး၊ ရခိုင်ကုန်းရွာ မီးသဂြိုလ်စက်ကိုလည်း စစ်သားအလောင်းများ နေ့စဉ် ရောက်ရှိနေ

ရန်ကုန်၊ ဇူလိုင် ၈ ဧရာဝတီတိုင်း၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်အစပ် တိုက်ပွဲအတွင်း အမှတ် ၅ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၅) မှ ဗိုလ်ကျော်မျိုးနိုင် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၂...

Latest news

- Advertisement -spot_img