28 C
Yangon
spot_img

CATEGORY

News

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဘုန်းကြီးကျောင်းနှင့် ရွာအတွင်း တပ်စွဲနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇူလိုင် ၃ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဘုန်း ကြီးကျောင်းနှင့် ရွာအတွင်း တပ်စွဲနေထိုင်သော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁...

စလင်း-ဆင်ဖြူကျွန်း လမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၃ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃ မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၃ ရက်ဆက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၈ ရက်နေ့...

ရန်ကုန်တိုင်းတွင် စစ်မှုထမ်းကြေးအပြင် လုံခြုံရေးစရိတ်ဟုဆိုကာ ပျူစောထီးများနှင့်အုပ်ချုပ်ရေးအဖွဲ့များက တောင်းခံ

ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်တိုင်းတွင် စစ်မှုထမ်းကြေးအပြင် လုံခြုံရေးစရိတ်ဟုဆိုကာ ပျူစောထီးများနှင့်အုပ်ချုပ်ရေးအဖွဲ့များက တောင်းခံနေကြောင်း ရန်ကုန်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် မေလမှစတင်၍ ရန်ကုန်တိုင်းအတွင်း ကျေးရွာများ၊ ရပ်ကွက်များနှင့်မြို့နယ်များတွင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သောင်းကျပ်မှစတင်၍ အများဆုံးသိန်းဂဏန်းအထိ တောင်းခံခဲ့ကြကြောင်း၊ အဆိုပါ...

မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု မန္တလေးပြည်သူများ လမ်းပေါ် ပြေးထွက်ရသည်အထိ ထိတ်လန့်၊ စစ်ကိုင်း၊ မြင်းခြံနှင့် ပြင်ဦးလွင်တို့တွင်လည်း ခံစားရ

ရန်ကုန်၊ ဇူလိုင် ၃ မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ယနေ့နံနက်ပိုင်း ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေးပြည်သူများ ထိတ်လန့်ပြီး လမ်းပေါ်သို့ ထွက်ပြေးခဲ့ရကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့...

မြန်မာနိုင်ငံ၏စီးပွားရေး အနုတ်လက္ခဏာ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက် အချက်အလက် မှန်ကန်မှုနှင့် ပြည့်စုံမှု မရှိဟု မင်းအောင်လှိုင်က တုံ့ပြန်

ရန်ကုန်၊ ဇူလိုင် ၃ မြန်မာနိုင်ငံ၏စီးပွားရေး အနုတ်လက္ခဏာကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားမှုမှာ အချက်အလက်များ မှန်ကန်မှုနှင့် ပြည့်စုံခြင်း မရှိကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က မိမိတို့နိုင်ငံ၏ စီးပွားရေးကို ယခင်က...

စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီး ညအချိန် ပျံသန်းနေစဉ် ရုတ်တရက် ပျောက်ဆုံးသွားပြီး ရှာမတွေ့သေး

ရန်ကုန်၊ ဇူလိုင် ၃ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးမှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း ပျံသန်းနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားပြီး ရှာမတွေ့သေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဇူလိုင် ၁ ရက်နေ့ ညပိုင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်သည် ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဉ်...

မင်းလှတွင် စစ်သား အချင်းချင်း လက်နက်ကြီးဖြင့် မှားယွင်း ပစ်ခတ်မှု ကျွဲမကိုင်းရွာတွင် ယာယီ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ထိမှန်ပြီး ၇ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်သား အချင်းချင်း လက်နက်ကြီးဖြင့် မှားယွင်း ပစ်ခတ်ခြင်းကြောင့် ကျွဲမကိုင်းရွာတွင် ယာယီ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ထိမှန်ပြီး ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

တောင်ငူ၊ ရွာသစ်ရွာကို ဝင်ရောက် စီးနင်းသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြား၍ ခရစ်ယာန်ဘုရားကျောင်းကို ဝင်ရောက် ဖျက်ဆီးပြီး နေအိမ်များကို မီးရှို့သွား

ရန်ကုန်၊ ဇူလိုင် ၂ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရွာသစ်ရွာကို ဝင်ရောက် စီးနင်းသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြား၍ ခရစ်ယာန် ဘုရားကျောင်းကို ဝင်ရောက် ဖျက်ဆီးပြီး နေအိမ်များကို မီးရှို့သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ...

စကုမြို့ပေါ် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇူလိုင် ၂ မကွေးတိုင်း၊ စကုမြို့ပေါ် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင်...

ကျောက်မဲ ၊ နောင်ချိုနှင့် မိုးကုတ်မြို့များတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ရက်အတွင်း ပြည်သူ ၈ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ၊ နောင်ချိုနှင့် မိုးကုတ်မြို့များတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက် ကြီးပစ်ခတ်မှုကြောင့် ၇ ရက်အတွင်း ပြည်သူ ၈ ဦးသေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အတွင် အကြမ်းဖက်စစ်ကောင်စီ၏...

Latest news

- Advertisement -spot_img