30 C
Yangon
spot_img

CATEGORY

News

ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ်

ရန်ကုန်၊ ဇွန် ၁၉ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို ယနေ့ နံနက်ပိုင်းတွင် ပြောင်းလဲတင်ထားကြသည်။ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဆွီဒင်၊...

မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ

ရန်ကုန်၊ ဇွန် ၁၉ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းကပ်ထားကြောင်း မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့လယ်ခေါင် ဘုရင့်နောင်စျေးရှေ့တွင်...

ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု

ရန်ကုန်၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက အကျဉ်းချထားစဉ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း Suu Foundation က ယမန်နေ့...

ရန်ကုန်-ပြည် လမ်းတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာ

ရန်ကုန်၊ ဇွန် ၁၉ ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ် တိုက်ပွဲများတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာကြောင်း သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊...

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ...

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁...

ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ပေါင်းတည်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၆ ရက်နေ့က စတင်ပြီး ဝမ်ပေါင် ကုမ္မဏီ အနီးတစ်ဝိုက်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စု...

စစ်ကောင်စီက အာဏာသိမ်းထားသော ကာလတစ်လျှောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက် တစ်ခုသဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေ

ရန်ကုန်၊ ဇွန် ၁၈ အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းထားသော ကာလတစ်လျှောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက် တစ်ခုသဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ဇွန်လ ၁၇ ရက်နေ့မှ...

အင်းစိန်မီးရထားဒီဇယ်စက်ခေါင်းစက်ရုံအနီးရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့် စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်း

ရန်ကုန်၊ ဇွန် ၁၈ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်မီးရထားဒီဇယ်စက်ခေါင်းစက်ရုံအနီးရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့် စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်းနေသဖြင့် နေအိမ်များ ဖျက်သိမ်းနေရကြောင်း အိမ်ဖျက်ခံနေရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အင်းစိန်ဘူတာနှင့် ဒီဇယ် စက်ရုံတိုင်း ၇ နားရှိ...

ချောင်းဦးမြို့နယ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန် ၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသော စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF Monywa တပ်ဖွဲ့ခေါင်းဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၁၈...

Latest news

- Advertisement -spot_img