26 C
Yangon
spot_img

CATEGORY

News

မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force - SDDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်...

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲတပ်ကြပ် ကျော်မင်းရန်သည် မိသားစုနှင့်အတူ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ရဲတပ်ကြပ် ကျော်မင်းရန်သည် မိသားစုနှင့် အတူ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း အမှတ်- ၃၀ ADPRA တပ်ဖွဲ့မှ ပြန်ကြားရေးရဲဘော် ကိုမင်းညဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁၂...

အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ၍ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၁၃ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ၍ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၉ ရက်နေ့ ညနေ...

အိုးဘို‌‌ထောင်တွင် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သော နိုင်ငံ‌ရေးအကျဉ်းသား ဦးမော်ထူး အချိန်မီ ဆေးကုသခွင့် အလုံ အလောက်မရဘဲ သေဆုံး

ရန်ကုန်၊ ဇွန် ၁၃ မန္တလေး၊ အိုးဘို‌‌အကျဉ်းထောင်တွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ‌ရေးအကျဉ်း သား ဦးမော်ထူးမှာ အချိန်မီ ဆေးကုသခွင့် အလုံအလောက်မရဘဲ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့...

မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီး စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီးတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ပြန်လာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာ‌သော လှေ ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာ‌သော လှေ ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ...

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နာရေးအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေး ၂ ဦး ပါဝင်သော မိသားစုဝင် ၅ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နာရေးအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး ပါဝင်သော မိသားစုဝင် ၅ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၂ ရက်...

လှိုင်သာယာ၊ မြန်မာကျွိချွမ်းဖိနပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြပွဲ ၅ ရက်ကြာသည်အထိ မပြေလည်ဘဲ စက်ရုံက နည်းလမ်းမျိုးစုံဖြင့် အလုပ်သမားများကို ခြိမ်းခြောက်နေ

ရန်ကုန်၊ဇွန် ၁၃ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြန်မာကျွိချွမ်းဖိနပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရေး ဇွန်လ ၉ ရက်နေ့က တည်းက ဆန္ဒပြလျက်ရှိပြီး ၅ ရက်ကြာသည်အထိ တောင်းဆိုချက်များ ရရှိခြင်းနှင့် ပြေလည်ခြင်းမရှိသေးဘဲ ဆန္ဒပြ အလုပ်သမားများကို စက်ရုံက နည်းလမ်းမျိုးစုံဖြင့် အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောဆိုသည်။ ၅...

ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှ ထွက်ပြေးလာသည့် စစ်သား ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းမိ၊ စစ်မှုထမ်းတပ်သားသစ်များကို စစ်အရာရှိများက တိုက်ပွဲရှေ့ဆုံးတွင် အသေခံခိုင်းနေ

ရန်ကုန်၊ ဇွန် ၁၃ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၈ ရက်နေ့မှ...

စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်၊ ဇော်ဘုန်းဟိန်းအတွက် ဆန္ဒပြရေး လှုံ့ဆော်မှုများ မလုပ်ရန် မဘသ ပေါက်ဘုန်းကြီးပြော

ရန်ကုန်၊ ဇွန် ၁၃ အကြမ်းဖက် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း မဘသအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်...

Latest news

- Advertisement -spot_img