CATEGORY
Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ
ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးထား၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော သဲကုန်းရွာကို ကင်းလှည့်ရန် ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံး
သာယာဝတီမြို့နယ် ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသည့် အမျိုးသား ဝန်ထမ်းများကို စက်ရုံက စစ်မှု ထမ်းခိုင်းရန် စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေ
ဖားကန့်၊ ကျောက်မျက်လုပ်ကွက်တွင် ယမ်းဂိုဒေါင်ပေါက်ကွဲမှု လုပ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ၊ စစ်ကောင်စီ၏ တိုက်ခိုက်မှုဟု ယူဆရ
ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်တပ်စခန်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် အကြိမ် ပေါင်းများစွာ ဗုံးကျဲခုခံနေ၊ ထိုင်းလေတပ်က တိုက်လေယာဉ် ၂ စီး စေလွှတ်ကင်းလှည့်
မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်ဖမ်းဟုဆို
အပစ်ရပ်ကြေညာထားသော စစ်ကောင်စီက ဆီဆိုင်မြို့နယ်ရှိ PNLO ဌာနချုပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက် နက်ကြီးများဖြင့် ပစ်ခတ်
ပုဂံမြို့သစ် ဂန့်ဂေါရပ်ကွက်ဇရပ်တွင် ပျူစောထီး ခေါင်းဆောင် ဇော်ဇော် အပါအဝင် ပျူစောထီး ၉ ဦးက ပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ဝင်ရောက် ပစ်ခတ်မှု ၈ ဦးသေဆုံးဟုဆို
ဒိုက်ဦးနှင့် ဟားခါးမြို့နယ်တို့တွင် စစ်သား ၁ ဦးနှင့်ရဲ ၁ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်