29 C
Yangon
spot_img

CATEGORY

News

နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း

ရန်ကုန်၊ ဇွန် ၁ စစ်အာဏာရှင် တော်လှန်ရေးတွင် မကြာခင်ဖြစ်ပေါ်လာမည့် အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေးအတွက် ပြည်သူတိုင်း အာရုံစိုက်ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။ ရန်ကုန်ခေတ်သစ်က အပတ်စဉ် စီစဉ်တင်ဆက်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ အမေးအဖြေတွင် ၎င်းက အထက်ပါအတိုင်း ဖြေဆိုသွားခြင်းဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊...

ထိုင်းပြန် စစ်သားများက သင်္ဃန်းညီနောင်ဗျူဟာကုန်းသို့ စစ်ကြောင်းထိုးရန် ထွက်လာ၍ KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်၊ မြ၀တီမြို့ ခလရ ၂၇၅ ကိုပါ တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်

ရန်ကုန်၊ ဇွန် ၁ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြင့်ပြန်လည် စုဖွဲ့ထားသော စစ်တပ်စစ်ကြောင်းက သင်္ဃန်းညီနောင်ဗျူဟာကုန်းသို့ စစ်ကြောင်းထွက်လာသဖြင့် KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ညနေ ၆ နာရီအချိန် မြ၀တီမြို့၊ ခလရ ၂၇၅...

မြစ်ကြီးနားမြို့တွင် ညပိုင်းတွင် မြစ်ရေကြီးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများကို အရေးပေါ် ရေလွတ်ရာ ပြောင်းရွှေ့ရ၊ ချီဗွေမြို့တွင်လည်း မေခမြစ်ရေကြီး၍ နေအိမ်အများအပြား ရေထဲမျောပါမြုပ်

ရန်ကုန်၊ ဇွန် ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၃၁ ရက် ညနေ ၆ နာရီခန့်ကတည်းက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊...

စစ်ကိုင်းငလျင်အပြီး လေကြောင်းတိုက်ခိုက်မှု ၅၀၅ ကြိမ်ဖြင့် ပြည်သူ ၄၃၆ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကောင်စီက ၁ လ ယာယီအပစ်အခတ်ရပ်စဲရေး ထပ်မံ ကြေညာပြန်

ရန်ကုန်၊ ဇွန် ၁ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်အပြီး လေကြောင်းတိုက်ခိုက်မှု ၅၀၅ ကြိမ်ဖြင့် ပြည်သူ ၄၃၆ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကောင်စီက ယခုဇွန်လ ၁ လတာ ယာယီအပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်း ထပ်မံ ကြေညာပြန်သည်။ စစ်ကောင်စီက ယနေ့ ဇွန်လ...

စစ်ကိုင်းမြို့ တပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ မေ ၃၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မဌာနချုပ်အတွင်း ထိရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM)...

မန္တလေးမြို့တွင် ငလျင်ဒဏ်သင့် အဆောက်အအုံကို ဖြိုချစဉ် ပြိုကျမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၃၁ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း နှင့် လမ်း ၆၀ ထောင့်ရှိ ငလျင်ဒဏ်သင့် အဆောက်အအုံတစ်လုံးကို ဖြိုချစဉ် ပြိုချက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

အောင်ဇေယျစစ်ကြောင်းသို့ ပို့ဆောင်ခံရ‌သော ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် ခမရ ၁၁၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ထက်စည်သူ KNLA ထံ အလင်းဝင်

ရန်ကုန်၊ မေ ၃၁ အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသို့ ပို့ဆောင်ခံရ‌သော ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် ခမရ ၁၁၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ထက်စည်သူ KNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ပေါ်တာဆွဲ...

၄ နှစ်သားသာရှိသေးသော်လည်း ကရင်နီလူမျိုးများ၏ဘိုးဘွာပိုင်မြေများကို ပြန်လည် သိမ်းပိုက်ရရှိထားသော KNDF တပ်ကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဂုဏ်ပြု

ရန်ကုန်၊ မေ ၃၁ ၄ နှစ်သားသာရှိသေးသော်လည်း ကရင်နီလူမျိုးများ၏ဘိုးဘွာပိုင်မြေများကို ပြန်လည် သိမ်းပိုက်ရရှိထားသော KNDF တပ်ကို AA ၊ TNLA နှင့် MNDAA တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ က ဂုဏ်ပြုလိုက်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကို စုဖွဲ့မှုကောင်းသော တပ်တစ်ခုအဖြစ်...

UWSA က “၀” ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် တပ်သားသစ် ၂၀၀၀ စီ ကောက်ခံသွားမည်ဖြစ်ပြီး စစ်သင်တန်းဆင်းပွဲများ တောက်လျှောက် ကျင်းပ

ရန်ကုန်၊ မေ ၃၁ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ထားသည့် UWSA က "၀" ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် တပ်သားသစ် ၂၀၀၀ စီ ကောက်ခံသွားရန် ပြင်ဆင်နေကြောင်း Wa News Land က သတင်းထုတ်ပြန်သည်။ ဧပြီလ ၃ ရက်နေ့ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်...

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၆၀ ကျော်ကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၃၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၆၀ ကျော်ကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း...

Latest news

- Advertisement -spot_img