33 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက် ထိုးစစ်ဆင်နေသော်လည်း တိုင်းရင်းသား လက်နက် ကိုင်များ ယာယီ အပစ်ရပ်ထားပေးရန် မင်းအောင်လှိုင်က ပြောပြန်

ရန်ကုန်၊ မေ ၃၀ အကြမ်းဖက် စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက် ထိုးစစ်ဆင်နေသော်လည်း တိုင်းရင်း သား လက်နက်ကိုင်များအနေဖြင့် ယာယီ အပစ်ရပ်ထားပေးရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ငလျင်ဘေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း...

ပုလဲမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်စွဲထားသော ရဲစခန်းကို တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ မေ ၃၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်စွဲထားသော ရဲစခန်းကို တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲဘော် ဆရာပေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပုလဲမြို့ပေါ်တွင် စစ်တပ်နှင့်ရဲများ အထိုင်ချ တပ်စွဲထားသော...

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ မေ ၃၀ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA သတင်းရင်းမြစ်များကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ယနေ့မေလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန် KNLA ၊ KNDO...

မှော်ဘီတွင် လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူနှင့် ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၃၀ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူ၏ ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မော်လမြိုင်တွင် ပြည်သူ့နေအိမ် ၆၀၀ ကို ဖျက်သိမ်းဖော်ဆောင်နေသော လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို ရွေးကောက်ပွဲမတိုင်မီ မွန်ဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးတို့က လေလံတင်တွန်းရောင်းနေ

ပေ ၄၀ x ပေ ၆၀ မြေကွက်တစ်ကွက်လျှင် ငွေကျပ် သိန်း ၁၅၀၀ ဖြင့် ဂရန်အပြီးထုတ်ပေးရောင်းချ ရန်ကုန်၊ မေ ၃၀ မွန်ပြည်နယ်၊မော်လမြိုင်မြို့ တွင် ပြည်သူ့နေအိမ် ၆၀၀ ကို ဖျက်သိမ်းပြီး အကောင်အထည်ဖော်နေသော လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲ ဖြစ်နိုင်၍...

ဖားကန့်မြို့နယ်၊ လုံးခင်းရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်သွား

ရန်ကုန်၊ မေ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့နှင့်...

စစ်ကောင်စီက ဒေါနတောင်ပေါ် ကျေးရွာဖြစ်သည့် ကွီးလယ်ဆူးကျေးရွာနှင့် စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ၊ ၁ ဦး စိုးရိမ်ရ

ရန်ကုန်၊ မေ ၂၉ အကြမ်းဖက် စစ်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဒေါနတောင်ပေါ် ကျေးရွာတစ်ခုဖြစ်သည့် ကွီးလယ်ဆူးကျေးရွာနှင့်စာသင်ကျောင်းကို ယနေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့...

မင်းတုန်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ မေ ၂၉ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း United States Of Burma Army - USBA မှ...

ချောင်းဦးမြို့နယ် မှန်ချိုရွာရှိ ဓမ္မသုခကျောင်းတိုက်နှင့် ကျေးရွာအတွင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုရွာရှိ ဓမ္မသုခကျောင်းတိုက်နှင့် ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Seven People Defence Force – SPDF မှ တာဝန်ရှိသူ တစ်ဦးက...

ဘုတလင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေါင်းရာဇာပင်မ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နေလ ၂၉ ရက်နေ့တွင်...

Latest news

- Advertisement -spot_img