29 C
Yangon
spot_img

CATEGORY

News

ဆားလင်းကြီး၊ တရုတ်နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော ကြေးစင်တောင်စီမံ ကိန်းမှ ကြေးနီတန်ချိန် ၁ သောင်းကျော်ကို နေပြည်တော်စစ်ရုံး နှင့်ဦးပိုင်ကုမ္ပဏီကို အသိမပေးဘဲ စစ်အရာရှိတချို့က ရန်ကုန်သို့ ခိုးထုတ်သွားခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၇ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော ကြေးစင်တောင်စီမံ ကိန်းမှ ကြေးနီတန်ချိန် ၁ သောင်းကျော်ကို နေပြည်တော်စစ်ရုံးနှင့်ဦးပိုင်ကုမ္ပဏီ ကို အသိမပေးဘဲ စစ်အရာရှိတချို့က ရန်ကုန်သို့ ခိုးထုတ်သွားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်နှင့်ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း...

အမေရိကန်တွင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့-ICE က မှားယွင်း ဖမ်းဆီးခဲ့သော ကရင်တိုင်းရင်းသူ မအယ်ဒို့လား ပြန်လည် လွတ်မြောက်

ရန်ကုန်၊ ဇန်နဝါရီ ၂၇ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်တွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့-ICE က မှားယွင်း ဖမ်းဆီးခဲ့သော ကရင်တိုင်းရင်းသူ မအယ်ဒို့လား ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း အမေရိကန်ရောက် ကရင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ Saint Paul မြို့သို့ တရားဝင်...

စစ်တပ်၏ ရွေးကောက်ပွဲတွင် မဲလာပေးသူ ၅၄ ရာခိုင်နှုန်းရှိပြီး မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့၍ လွတ်လပ်တရားမျှတဟု အကြမ်း ဖက် ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအပိုင်း ၃ ခုလုံးတွင် မဲပေးသူ ၅၄ ရာခိုင်နှုန်းရှိပြီး မင်း အောင်လှိုင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့၍ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း ၁ တွင်...

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ မြင့်ထွေး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွယ်လွန်

ရန်ကုန်၊ ဇန်နဝါရီ ၂၇ NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ မြင့်ထွေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ ထိုင်းဒေသ စံတော်ချိန် ညနေ ၅ နာရီ ၄၃ မိနစ်အချိန် ဒေါက်တာမြင့်ထွေးသည်...

အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင် တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၇ အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ အီရန်က မြန်မာစစ်တပ်သို့...

မကွေးထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး နာမကျန်းဖြစ်သည့် အကျဉ်းသားများကိုလည်း လုံလောက်သည့် ဆေးကုသခွင့်မပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၇ မကွေးအကျဉ်းထောင်တွင် တာဝန်ကျနေသော ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် လက်နက်အားကိုးဖြင့် စနစ်တကျ ရိုက်နှက် နှိပ်စက်ခြင်း၊ မိသားစုထံမှ ပေးပို့သည့် ပစ္စည်းများကို အဓမ္မသိမ်းယူဆောင်ခြင်းနှင့် အကျဉ်းသား အခွင့်အရေးများ ပိတ်ပင်ခြင်းတို့ကို ဗြောင်ကျကျ ကျူးလွန်နေကြောင်း မကွေးထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မကွေးထောင်ပိုင်ကြီး အောင်ခိုင်ဖြိုး၊...

ကောလင်းနှင့် သရက်ချောင်းမြို့နယ် ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၇ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း ရှောက်ပင်ခြုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်၊ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ...

စစ်အာဏာသိမ်းကာလတစ်လျှောက်လုံး အလုပ်မရှိခဲ့သည့် သုစိတ္တနှင့်ဝင်းကိုကိုလတ် အပါ အဝင် မဘသနှင့်အမျိုးသားရေးအစွန်းရောက် များ ICJ နှင့်ဂမ်ဘီယာအကြောင်းပြ လမ်းပေါ် ပြန်ထွက်လာ

ကိုကိုလှိုင်ထောက်ခံပွဲနှင့် ဂမ်ဘီယာကို ရှုတ်ချပွဲများ တစ်နိုင်ငံလုံး လုပ်မည်ဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၂၇ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်လုံး အလုပ်မရှိခဲ့သည့် သင်္ကန်းဝတ် သုစိတ္တနှင့် အမျိုးသားရေး အစွန်းရောက် ဝင်းကိုကိုလတ် အပါ အဝင် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များမှာ ICJ နှင့်ဂမ်ဘီယာအကြောင်းပြ၍ ရန်ကုန်မြို့လယ်ခေါင် လမ်းပေါ် ပြန်ထွက်လာကြသည်။ ယနေ့...

မိုးညှင်းတွင် စစ်တပ်က ဆေးခန်း ၂ ခုကို လေကြောင်းတိုက်ခိုက်မှု လူနာအမျိုးသမီး ၁ ဦး သွေးလန့် သေဆုံး ၊ အင်းတော်ကြီးအရှေ့ဘက်ကမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံး မှုများပြား

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဆေးခန်း ၂ ခုကို စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနာအမျိုးသမီး ၁ ဦး သွေးလန့်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ် က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့...

တောင်သာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် မဲရုံ၊ ကင်းပုန်း နှင့် စစ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ စစ်တပ်မဲရုံနှင့် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး တောင်သာမြို့ပေါ်ရှိ စစ်တပ်...

Latest news

- Advertisement -spot_img