23 C
Yangon
spot_img

CATEGORY

News

စစ်ကိုင်းတွင် စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်သဖြင့် ကလေးများ သေဆုံးမှုအပေါ် ကုလအတွင်းရေးမှူးချုပ်က စိုးရိမ်ပြီး အကြမ်းဖက်မှုကို ရှုတ်ချ

ရန်ကုန်၊ မေ ၁၄ စစ်ကိုင်းတိုင်းတွင် စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ကလေးများ သေဆုံးမှုအပေါ် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီဂူတာရက်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂက တရားဝင် သတင်းထုတ်ပြန်သည်။ မေလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က...

အင်းတော်နှင့် ညောင်ရွှေ ရှိ ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၄ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ဟဲန္နရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့က ပြောဆိုသည်။ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အင်းတော်မြို့နယ်၊...

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၄ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့‌ကြောင်း ဗစ်တာပျောက်ကျားတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်တာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ‌့ မေလ ၁၄ ရက်နေ့...

ကြို့ပင်ကောက်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ဆိုင်ကယ်စီးလာစဉ် တော် လှန်ရေးအဖွဲ့က ပစ်ခတ်၊ နီးစပ်ရာ နေအိမ်အတွင်းသို့ ဝင်ပြေးသော်လည်း နယ်ထိန်းရဲ မာန်ဟိန်း မလွတ်ဘဲ သေ

ရန်ကုန်၊ မေ ၁၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၃ ရက်နေ့ နံနက်...

စစ်တွေမှ မွတ်စလင်များကို စစ်တပ်က နယ်ကျော် ခရီးသွားခွင့် ပိတ်ပင်ထားပြီး ဆေးကုသခွင့်၊ အလည်အပတ်နှင့်ပညာရေးအတွက် ခရီးသွားလာမှုများ အားလုံး ရပ်ဆိုင်းထား၊ မွတ်စလင်လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းအဖြစ် စုဆောင်းနေ

ရန်ကုန်၊ မေ ၁၄ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မွတ်စလင်များကို စစ်ကောင်စီက နယ်ကျော် ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ဆေး ကုသခွင့်၊ အလည်သွားရောက်ခွင့်နှင့်ပညာရေးအတွက် ခရီးသွားလာမှုများအားလုံးကို ရပ်ဆိုင်းထားကြောင်း စစ်တွေမြို့မှ မွတ်စလင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မွတ်စလင်များအနေဖြင့် ဆေးကုသမှု ခံယူရန် ဖြစ်စေ၊ အလည်အပတ်ခရီးစဉ်အတွက်ဖြစ်စေ၊ ပညာရေးကိစ္စဖြစ်စေ...

မိုးကုတ်မြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၁၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ရာ နေအိမ်များ ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။ မေလ ၁၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်...

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ကလေးငယ် ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိရှိလာ

ရန်ကုန်၊ မေ ၁၄ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်း ဗုံးကျဲခံရပြီး ဒဏ်ရာရရှိသူများ အနက် ကလေးငယ် ၂ ဦးထပ်မံသေဆုံးသွားသဖြင့် စုစုပေါင်းသေဆုံးသူ ၂၄ ဦးရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ မေလ ၁၂ ရက် နံနက် ၉ နာရီ...

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ

ရန်ကုန်၊ မေ ၁၄ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။ မေလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊...

ငါန်းဇွန်တွင် လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသော ရွှေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ မေ ၁၄ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရွှေတောင်ကျေးရွာနေ စစ်ကောင်စီ ဒေါက်တိုင်အုပ်ချုပ်ရေးမှူး ထွန်းဦး ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်း ခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၁၂ ရက် ညနေ ၅...

ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး

ရန်ကုန်၊ မေ ၁၄ အရပ်သား ပြည်သူများကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများမှာ စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူများ သေဆုံးစေခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ AA ၏...

Latest news

- Advertisement -spot_img