25 C
Yangon
spot_img

CATEGORY

News

ကောလင်းမြို့နယ်၊ ရှောက်ပင်ခြံရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်နှင့်အဆောက်အအုံများ ပျက်စီး

ရန်ကုန်၊ မေ ၇ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှောက်ပင်ခြံရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ ပြည်သူပိုင်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း Kawlin info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မေလ ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်အချိန်...

ကျောက်ထုမြို့သို့ ဆောက်လုပ်ရေး ပစ္စည်းသွားဝယ်သည့် သံဃာတော်တစ်ပါးနှင့် ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် သံဃာတော် ပျံလွန်တော်မူ၊ ပြည်သူမှာမူ ဆေးဝါးကုသမှု ခံယူနေရ

ရန်ကုန်၊ မေ ၇ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ထဲကို ဆောက်လုပ်ရေးပစ္စည်းသွားဝယ်သည့် ဦးဇင်းတစ် ပါးနှင့် ဒကာတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် သံဃာတော်မှာ ပျံလွန် တော်မူသွားပြီး အသက် ၃၈ နှစ်အရွယ် ဒကာဖြစ်သူ ဆန်းမင်းဦးမှာ ဆေးဝါးကုသမှုခံယူနေရကြောင်း ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ...

မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှတို့နှင့်အတူ သားသမီးမြေးတချို့ပါ ရုရှားသို့ အလည်ခရီးအဖြစ် လိုက်ပါသွား

ရန်ကုန်၊ မေ ၇ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှ တို့နှင့်အတူ သားသမီး မြေးတချို့ပါ ရုရှားနိုင်ငံသို့ အလည်ခရီးအဖြစ် လိုက်ပါသွားပြီး ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင်...

ရောဂါသည်နှင့် စိတ်ရောဂါ အခံရှိသူ မောင်ရန်နိုင်ဖြိုးကို စစ်တပ်က ၃ ကြိမ်မြောက် ပေါ်တာဆွဲပြီး စစ်မှု ထမ်း တပ်သား အဖြစ် စုဆောင်း၊ ဆေးကျ၍ စုဆောင်းရေးတပ်များက လက်မခံဘဲ ပြန်လွှတ်ခဲ့သော်လည်း အခြားတပ်များက ထပ်မံ ပေါ်တာဆွဲ စစ်သားအဖြစ် စုဆောင်းသွားပြန်

ရန်ကုန်၊ မေ ၇ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရောဂါသည်နှင့် စိတ်ရောဂါ အခံရှိသူ မောင်ရန်နိုင်ဖြိုးကို စစ်တပ်က ၃ ကြိမ်မြောက် ပေါ်တာဆွဲပြီး စစ်မှု ထမ်း တပ်သား အဖြစ် စုဆောင်းထားကြောင်း မောင်ရန်နိုင်ဖြိုး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မောင်ရန်နိုင်ဖြိုးသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ဆီးချိုရောဂါနှင့်စိတ်မတည်မငြိမ်သည့် ရောဂါအခံရှိသူဖြစ်ပြီး...

မင်းအောင်လှိုင်က စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့် အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာ

ရန်ကုန်၊ မေ ၇ တစ်နိုင်ငံလုံးနှင့်ပတ်သက် ဆက်စပ်နေသော စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို မင်းအောင်လှိုင်က ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်တပ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသော...

အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်၊ ယခင်လအတွင်း အိန္ဒိယထိန်းချုပ်သော ကက်ရှမီးယားတွင် အိန္ဒိယနိုင်ငံသားအများစု သေဆုံးစေခဲ့သော အကြမ်းဖက်လုပ်ရပ်အတွက် လက်တုံ့ပြန်ဟုဆို

ရန်ကုန်၊ မေ ၇ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ယနေ့ နံနက်အစောပိုင်းစတင်တိုက်ခိုက်လိုက်ပြီး ယခင်လအတွင်းဖြစ်ပွားခဲ့သော အိန္ဒိယထိန်းချုပ်သည့် ကက်ရှမီးယားဒေသတွင် အိန္ဒိယနိုင်ငံသားအများစု သေဆုံးစေခဲ့သော အကြမ်းဖက်လုပ်ရပ်အတွက် လက်တုံ့ပြန်လိုက်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက်အစောပိုင်း အိန္ဒိယက ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်ထိန်းချုပ်သော ကက်ရှမီးယားဒေသများရှိ ပစ်မှတ် ၉ ခုကို...

ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများ သိသာစွာ ခံစားရ

ရန်ကုန်၊ မေ ၇ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပြည်သူများ သိသာစွာ ခံစားရကြောင်း မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၇ ရက်နေ့...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူများ သိသာစွာ ခံစားလိုက်ရပြီး လမ်းများပေါ်တွင် နေထိုင်ကြ

ရန်ကုန်၊ မေ ၇ ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က သတင်းထုတ်ပြန်သည်။ ယနေ့ မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊...

ပခုက္ကူနှင့် မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ပခုက္ကူနှင့် မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး ရန်ကုန်၊ မေ ၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း...

စောချစ်သူနှင့် သား နှစ်ဦးကို အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သော်လည်း၊ BGF စီးပွားရေးလုပ်ငန်းများတွင် ပါဝင်‌ပတ်သက်နေသည့် ကျန်မိသားစုဝင်များ ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်မြောက်နေဆဲ

စောချစ်သူနှင့် သား နှစ်ဦးကို အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သော်လည်း၊ BGF စီးပွားရေးလုပ်ငန်းများတွင် ပါဝင်‌ပတ်သက်နေသည့် ကျန်မိသားစုဝင်များ ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်မြောက်နေဆဲ ရန်ကုန်၊ မေ ၆ အမေရိကန်များကို ပစ်မှတ်ထားဦးတည်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် စစ်ကောင်စီလက်အောက်ခံ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို...

Latest news

- Advertisement -spot_img