34 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီ၏ နှစ်သစ်ကူး လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းအောက် သာ လွတ်မြောက်နိုင်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက်စစ်ကောင်စီ၏ ယနေ့ နှစ်သစ်ကူး လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းအောက် သာ လွတ်မြောက်နိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ စစ်ကောင်စီက နှစ်ဆန်း ၁ ရက်နေ့တွင် ပုံမှန်လုပ်ဆောင်လေ့ရှိသည့် အကျဉ်းသားများ...

မန္တလေးမြို့ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ်

ရန်ကုန်၊ ဧပြီ ၁၇ ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မန္တလေး၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရ ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏...

ကျုံဒိုး၊ ကမ်းနီးကျေးရွာနှင့် သရက်တောကျေးရွာကို နှစ်ဆန်း ၁ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီးကျေးရွာနှင့် သရက်တောကျေးရွာကို ယနေ့ နှစ်ဆန်း ၁ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းနေ့ ဧပြီလ...

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးခေါင်း ဆောင် ဌေးဝင်းသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၇ တနင်္သာရီတိုင်း ၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဌေးဝင်းသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း တနင်္သာရီမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယမန်နေ့ ဧပြီလ ၁၆...

မြန်မာရိုးရာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်အတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲချ

ရန်ကုန်၊ ဧပြီ ၁၇ မြန်မာရိုးရာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်အတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ ယနေ့ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့...

အထက် မင်းလှမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီလ ၁၇ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှု ကြောင့် ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဧပြီလ ၁၂ ရက်နေ့က အထက်မင်းလှမြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ - ကပစ...

ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး အပျက်အစီးများပြား၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်

ရန်ကုန်၊ ဧပြီ ၁၇ မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အပျက်အစီးများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ငါန်းဇွန်းမြို့နယ်၊...

စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဟု NUG ယာယီသမ္မတက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။ ယနေ့...

ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက် ရဲစခန်းအနီးတွင် စစ်ကြောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၇ မကွေးတိုင်း၊ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက် ရဲစခန်းအနီးတွင် စစ်ကြောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့မှ ရဲဘော်ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂...

အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေး

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို ယနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ထုတ်ပြန်သည်။ ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး နောက်တစ်ကြိမ် ပြစ်မှုကျူး လွန်ပါက သက်သာခွင့်ပေးထားသည့် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဆိုသော...

Latest news

- Advertisement -spot_img