36 C
Yangon
spot_img

CATEGORY

News

နောင်ချိုတွင် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ဆုတ်ခွာပြေး၊ စစ်တပ် သိမ်းယူထားသော ကံကြီးရွာကို တော်လှန်ရေးတပ်များ ပြန်လည်ရရှိ

ရန်ကုန်၊ ဇွန် ၉ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကံကြီးရွာကို ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများပြား၍ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၈ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းရွာမှ ကံကြီးရွာကို...

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၈ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ နံနက်...

ရေးမြို့နယ် အာယုတောင်ရွာထိပ်ရှိ စစ်တပ် ဂိတ်စခန်းကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်သားအားလုံး ပြန်လည် ခုခံခြင်းမရှိဘဲ ထွက်ပြေး

ရန်ကုန်၊ ဇွန် ၈ မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ရွာထိပ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်စဉ် စစ်သားအားလုံး ပြန်လည် ခုခံခြင်းမရှိဘဲ ထွက်ပြေးကြောင်း ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇွန်လ ၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ဂိတ်စခန်းကြီးကို ရေးဘီးလူးအဖွဲ့က ဝင်ရောက်...

Breaking News- ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၈ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ် ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော် လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိကြောင်း Aung San's Land Natmauk ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက...

ပုလဲမြို့နယ်၊ ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၈ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းပိုင်းရှိ ကန်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့်နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး...

ဗိုလ်တထောင်မြို့နယ်တွင် အဲကွန်းဖွင့် အလုံပိတ်အခန်းတွင် ဟင်းအိုးတူးရာမှ ထွက်ပေါ်သော မီးခိုးကြောင့် အသက်ရှုကျပ်၍ အမျိုးသမီး ၂ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် မီးခိုးမွှန် အသက်ရှုကြပ်ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ပရဟိတ အဖွဲ့ဝင်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ၄၃...

AA သိမ်းပိုက်ထားသော သံတွဲမြို့နယ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ သေဆုံး ထိခိုက်မှုများ ရှိ

ရန်ကုန်| ဇွန် ၈ ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသော သံတွဲမြို့နယ်အတွင်းရှိ နေရာ ၃ ခုကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သားပြည်သူများ သေဆုံး ထိခိုက်မှုများ ရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်APM နှင့်ဒေသခံများထံမှ သိရှိရသည်။ ယမန့်နေ့ ဇွန် ၇ ရက်နေ့...

ဖယ်ခုံမြို့နယ်၊ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁၉ နှစ်အရွယ် ကျောင်းသား ၁ ဦး ဦးခေါင်းကျည်ထိမှန်သေဆုံး

ရန်ကုန်၊ ဇွန် ၈ ကရင်နီပြည်နှင့် ရှမ်းပြည်နယ် အစပ် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၉ နှစ်အရွယ် ကျောင်းသား ၁ ဦး ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ဘန်ကောက်မြို့ လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် ကွန်ကရစ်အချပ်လွှာ ပိမိပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၈ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Rama II လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် ကွန်ကရစ်အချပ်လွှာ ပိမိပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ယနေ့ နံနက်အစောပိုင်း အသက် ၃၉ နှစ်အရွယ် မြန်မာအလုပ်သမားသည် လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ရေ မြောင်းအတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျပြီး...

ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၈ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာအမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၇ ရက်နေ့ ညပိုင်း...

Latest news

- Advertisement -spot_img