34 C
Yangon
spot_img

CATEGORY

News

သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

ရန်ကုန်၊ ဇွန် ၆ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ် တပ်က လေယာဉ် ဖြင့် ဗုံးကျဲချခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦး...

ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း ILOက စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် NUG က ကြိုဆို

ရန်ကုန်၊ ဇွန် ၆ ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) က စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ အလုပ်သမားဝန်ကြီးဌာနက ကြိုဆိုလိုက်သည်။ ယမန်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌...

လွိုင်ကော်မြို့နယ် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၆ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းတိုက်ခိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNDF တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့်က လွိုင်ကော်မြို့နယ်၊ သပြေကုန်းဘုန်းကြီးကျောင်းဝင်းအတွင်း...

အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိ

ရန်ကုန်၊ ဇွန် ၆ အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိနေကြောင်း မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ အထွေ ထွေအတွင်း ရေးမှူး ဦးဝေမှူးသွင်က...

ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုတွင် လုပ်ကြံသူများ ဟုဆိုကာ အသက် ၆ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးရရှိဟု စစ်တပ်က သတင်း ထုတ်ပြန်၊ GVW ကမူ ရဲဘော်များ လုံခြုံဘေးကင်းဟု ဆို

ရန်ကုန်၊ ဇွန် ၆ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် မေလ ၂၂ ရက်နေ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်ခတ်ခံရ၍ သေ ဆုံးမှုတွင် လုပ်ကြံပါဝင်သူများဟုဆိုကာ အသက် ၆ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးရရှိကြောင်း အကြမ်း ဖက်...

ထားဝယ်မြို့နယ်၊ ကြက်စားပြင် ကမ်းနားလမ်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ဗျူဟာမှူး အပါအဝင် ၁၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၅ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင် ကမ်းနားလမ်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ ဗျူဟာမှူး အပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ ၃၀...

တမူးတွင် ကင်းလှည့် စစ်ကြောင်းနှင့် တနင်္သာရီတွင် ရိက္ခာပို့ စစ်ကြောင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၅ စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Zo Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၅ ရက်နေ့...

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၂ ဦးဖမ်းမိ၊ စစ်မှုထမ်း တပ်သားသစ် ၈ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့

ရန်ကုန်၊ ဇွန် ၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၂ ဦးဖမ်းမိကာ စစ်မှုထမ်း တပ်သားသစ် ၈ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း နွားထိုးကြီး PDF မှ...

သထုံမြို့နယ်တွင် အင်ဥထွက်ရှာသည့် ပိန္နဲတောရွာသား တီးစောလားထုကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ ဇွန် ၅ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အင်ဥထွက်ရှာသည့် ပိန္နဲတောရွာသား တီးစောလားထုကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၂၉ ရက်နေ့တွင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှ အသက် ၅၂ နှစ်အရွယ် တီးစောလားထုသည် အင်ဥရှာဖွေရန် တောထဲသို့ သွားရောက်စဉ် တပ်ချိန်းရန်စစ်ကြောင်းထိုးလာသော...

ထီးလင်းနှင့် ဆော တို့တွင် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၅ မကွေးတိုင်း၊ ထီးလင်းမြို့နယ် နှင့် ဆောမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၅ ရက်...

Latest news

- Advertisement -spot_img