39 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်ကို အဆက် မပြတ် ထိုးစစ်ဆင်နေသဖြင့် စစ်ရေးတင်းမာနေဆဲဟု TNLA ပြော၊ တရုတ်နိုင်ငံ၏ ဖိအားကလည်း ပြင်းထန်နေဆဲ

ရန်ကုန်၊ ဇွန် ၅ အကြမ်းဖက် စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်ကို အဆက်မပြတ် ထိုးစစ်ဆင်နေသည့်အပြင် စစ်ကူအင်အား ဖြည့်တင်းခြင်း၊ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ လက်ရှိ ဇွန်လအတွင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး TNLA အပါအဝင်...

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာမှ လှည့်ကင်းထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးဟုဆို

ရန်ကုန် ၊ ဇွန် ၅ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်းမှ လှည့်ကင်းထွက် လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Launglone Peninsula Force – LPF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဇွန်လ...

ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ လက်ခံမထားရန် ၊ သာသနာအမှတ်တံဆိပ်ဖြင့် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ မစီးနင်းရန် ပြည်နယ်/တိုင်းသံဃာနာယကအဖွဲ့များက ညွှန် ကြားချက်ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၅ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ လက်ခံမထားရန် ၊ သာသနာအမှတ်တံဆိပ်ဖြင့် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ မစီးနင်းရန် ပြည်နယ်/တိုင်းသံဃာနာယကအဖွဲ့များက ညွှန်ကြားချက်ထုတ်ပြန်လာကြောင်း သိရှိရသည်။ ဇွန်လ ၁ ရက်နေ့မှစတင်ပြီး မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စစ်ကောင်စီက လိုင်စင်မဲ့ကားများနှင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို...

နေပြည်တော်အနီးတွင် ယနေ့ နံနက်ပိုင်း ငလျင်လှုပ်ခတ်မှု ပြည်သူများ သိသာစွာခံစားရပြီး နေအိမ်ပေါ်မှ ပြေးဆင်းရ

ရန်ကုန်၊ ဇွန် ၅ နေပြည်တော်အနီးတွင် ယနေ့ နံနက်ပိုင်း ငလျင်လှုပ်ခတ်မှု ပြည်သူများ သိသာစွာခံစားရပြီး နေအိမ်ပေါ်မှ ပြေးဆင်းရကြောင်း နေပြည်တော်မှ ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယနေ့ နံနက် ၈ နာရီ ၁၁ မိနစ်အချိန် နေပြည်တော်၊ ပျဉ်းမနားနှင့်ပတ်ဝန်းကျင်ဒေသများတွင် ငလျင်သိသာစွာ လှုပ်ခတ်သွားကြောင်း၊ နေအိမ်များ...

မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်အတွင်းပိုင်းကို ပြင်ဆင်ခဲ့

ရန်ကုန်၊ မေ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALKကို ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်ကို ပြင်ဆင်ခဲ့ကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က...

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ကျဆုံး

ရန်ကုန်၊ ဇွန် ၅ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် စိုးမင်းသည် စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီးနောက် စစ်ကြောရေးစခန်းတွင် ကျဆုံးခဲ့ရကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က သတင်းထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပြင်ဦးလွင်မြို့တွင် တိမ်းရှောင်နေစဉ် ရွာငံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်...

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီး သွားဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံသားများကို အမေရိကန်ဝင်ရောက်ခွင့် လုံး၀ ကန့်သတ်

ရန်ကုန်၊ ဇွန် ၅ အမေရိကန်နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ယနေ့ လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းအရ သိရှိရသည်။ မြန်မာနိုင်ငံသားများသည် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရောက်ခွင့် လုံး၀ ကန့်သတ်ခံရသည့်...

မြဝတီမြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၄ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီမြို့ အမှတ်...

တောင်သာမြို့နယ်ရှိ နဘူးကျင်းရွာနှင့် ထောက်ရှာကျင်းရွာ အနီးတစ်ဝိုက်ကို စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၄ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နဘူးကျင်းရွာနှင့် ထောက်ရှာကျင်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၄ ရက်နေ့...

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး သောင်းနှင့်ချီကာ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၄ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး သောင်းနှင့်ချီကာ ထွက်ပြေးနေရကြောင်း Kawlininfo မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ်အတွင်း...

Latest news

- Advertisement -spot_img