38 C
Yangon
spot_img

CATEGORY

News

ကျောက်ဖြူတွင် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်ကို ဗိုလ်မှူးချုပ်ရာထူးတစ်ဆင့်တိုးပေး

ရန်ကုန်၊ မေ ၃၁ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်ကို ဗိုလ်မှူးချုပ်ရာထူးတစ်ဆင့်တိုးပေးကြောင်း တပ်အသိုင်းအ၀ိုင်းနှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ မေလ ၂၇ ရက်နေ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့်...

ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး လက်နက် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်

ရန်ကုန်၊ မေ ၃၀ ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် လက်နက် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ကြောင်း ကလေးမြို့ပြ ပျောက်ကြား စီမံချက် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

မိုးဗြဲမြို့တွင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

ရန်ကုန်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့တွင်း တစ်နေရာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Mobye people defense force - Local PDF က သတင်းထုတ်ပြန်ထားသည်။ မေလ ၃၀ ရက်နေ့...

ပဲခူးနှင့် ကရင် အစပ်ရှိ တောင်ငူ-လိပ်သို လမ်းပိုင်းကို စစ်ကြောင်းထိုးလာ‌သော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၃၀ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်ရှိ တောင်ငူ-လိပ်သို လမ်းပိုင်းကို စစ်ကြောင်းထိုးလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈ ရက်နေ့ ညနေ ၄...

ထိုင်း- မြန်မာ နယ်စပ်ရှိ စခန်းသိမ်း တိုက်ပွဲများမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား အားလုံးကို ထိုင်းစစ်တပ်က BGF ထံ ပြန်လွှဲပေး

ရန်ကုန်၊ မေ ၃၀ ထိုင်း-မြန်မာ နယ်စပ်ရှိ စခန်းသိမ်း တိုက်ပွဲများမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံးကို ထိုင်းစစ်တပ်က BGF ထံ ပြန်လွှဲပေးခဲ့ကြောင်း တော်လှန်ရေး ထောက်ပို့လုပ်ဆောင်နေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈...

မူးယစ်ဆေးဝါးနှင့် မပတ်သက်ဟု UWSA က ငြင်းဆိုသော်လည်း သက်သေများရှိဟု ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ပြော၊ မြန်မာစစ်တပ်နှင့်တရုတ်အစိုးရကို အကူအညီတောင်းမည်ဖြစ်ပြီး မကူညီလျှင် ထိုင်းက ကိုယ်တိုင် ကိုင်တွယ်မည်ဟုဆို

ရန်ကုန်၊ မေ ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ထားသော UWSA "၀" တပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် မပတ်သက်ကြောင်း တရားဝင် ငြင်းဆိုထားသော်လည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကမူ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သက်သေများရှိနေသည်ဟု ထုတ်ဖော်ပြောဆိုသည်။ "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေများတွင် မူးယစ်ဆေးဝါးဓာတ်ခွဲခန်းများရှိနေသော သက်သေများ ရှိကြောင်း ၊UWSA ကြောင့်...

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး PNO ပြည်သူ့စစ် ဗိုလ် မှူးအပါအဝင် စစ်သားအများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောာင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက် ရရှိခဲ့ရာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပါအဝင် စစ်သား အများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းက သတင်းထုတ်ပြန် သည်။ မေလ ၁၇ ရက်နေ့မှစတင်၍...

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချရာမှ ဆလပ်ပြင် ပြိုကျပြီး အမျိုး သား ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၃၀ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာမှ ဆလပ်ပြင်ပြိုကျပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) မှ တာဝန်ရှိသူတစ်ဦးက...

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၃၀ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့...

မဟာအောင်မြေမြို့နယ်တွင် ငလျင်အတွက် အလှူရှင်များနှင့်အဖွဲ့အစည်းများက လှူဒါန်းထားသော ငွေကြေးနှင့်ထောက်ပံ့ရေးပစ္စည်းများကို ထွေ/အုပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဖြတ်ယူထား

ရန်ကုန်၊ မေ ၃၀ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ငလျင်အတွက် အလှူရှင်များနှင့်ပရဟိတအဖွဲ့အစည်းများက လှူဒါန်းထားသော ငွေကြေးနှင့်ထောက်ပံ့ရေးပစ္စည်းများကို ထွေ/အုပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဖြတ်ယူထားကြောင်း ယင်းမြို့နယ်အတွင်းမှ ပရဟိတစေတနာရှင်အဖွဲ့အစည်းတချို့က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မဟာအောင်မြေမြို့နယ်အတွင်းသို့ အလှူရှင်များနှင့် ပရဟိတ အဖွဲ့အစည်းများက လာရောက်လှူဒါန်းမှုများကို မြို့နယ်ထွေ/အုပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက...

Latest news

- Advertisement -spot_img