36 C
Yangon
spot_img

CATEGORY

News

ဖားကန့်မြို့နယ်၊ လုံးခင်းရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်သွား

ရန်ကုန်၊ မေ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့နှင့်...

စစ်ကောင်စီက ဒေါနတောင်ပေါ် ကျေးရွာဖြစ်သည့် ကွီးလယ်ဆူးကျေးရွာနှင့် စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ၊ ၁ ဦး စိုးရိမ်ရ

ရန်ကုန်၊ မေ ၂၉ အကြမ်းဖက် စစ်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဒေါနတောင်ပေါ် ကျေးရွာတစ်ခုဖြစ်သည့် ကွီးလယ်ဆူးကျေးရွာနှင့်စာသင်ကျောင်းကို ယနေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့...

မင်းတုန်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ မေ ၂၉ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း United States Of Burma Army - USBA မှ...

ချောင်းဦးမြို့နယ် မှန်ချိုရွာရှိ ဓမ္မသုခကျောင်းတိုက်နှင့် ကျေးရွာအတွင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုရွာရှိ ဓမ္မသုခကျောင်းတိုက်နှင့် ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Seven People Defence Force – SPDF မှ တာဝန်ရှိသူ တစ်ဦးက...

ဘုတလင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေါင်းရာဇာပင်မ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နေလ ၂၉ ရက်နေ့တွင်...

အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး မရှိပါက ပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ဟု NUG အစိုးရ ပြောဆို

ရန်ကုန်၊ မေ ၂၉ အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော စနစ်ကျသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားမျိုး မရှိပါက အရပ်သားပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ကြောင်း NUG အစိုးရက တိုက်တွန်းပြောဆိုထားသည်။ မြန်မာနိုင်ငံရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကူညီဖြေရှင်းရန် အာဆီယံခေါင်း ဆောင်များ၏...

တောင်သာမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၉ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့၊ မင်္ဂလာဦးရပ်...

စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျ

ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၈ လုံးပြာကျခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကို နဂါးလေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ကင်းရွာကို...

ပြည်သူတွေ ခက်ခဲ ကျပ်တည်းနေလို့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တရုတ်ကို TNLA တောင်းဆို

ရန်ကုန်| မေ ၂၉ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာကြောင့် ပြည်သူလူထုရဲ့ အခြေခံ ဆေးဝါးတွေ၊ စက်သုံးဆီတွေနဲ့ လူသုံးကုန်ပစ္စည်း လိုအပ်ချက်တွေဖြစ်ပေါ်ပြီး ကျပ်တည်း ခက်ခဲနေတယ်လို့ TNLA က ပြောပါတယ်။ အဲ့ဒီ အခက်အခဲ အကျပ်တည်းတွေကို တရုတ်နိုင်ငံဘက်က စာနာနားလည်တဲ့အနေနဲ့ နယ်စပ်ဂိတ်တွေပြန်ဖွင့်ပေးဖို့ မေလ ၂၈...

တောင်သာမြို့ပေါ် မြေစာရင်းရုံး၊ အခွန်ဦးစီးဌာန၊ အမှတ် ၂ ရပ်ကွက်အုပ်ကြီး နေအိမ်များကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု စစ်သားများ အကုန်ထွက်ပြေး

ရန်ကုန်၊ မေ ၂၉ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ဦးစီးဌာနရုံး၊ အမှတ် ၂ ရပ်ကွက်အုပ်ကြီး နေအိမ်တို့ကိုတော်လှန်ရေးတပ်ဖွဲ့မျးက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အကုန် ထွက်ပြေးသွားကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၂၈ ရက် နေ့လည်ပိုင်းက တောင်သာမြို့ပေါ်ရှိ...

Latest news

- Advertisement -spot_img