27 C
Yangon
spot_img

CATEGORY

News

ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်တပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား

ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်တပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား ရန်ကုန်၊ ဧပြီ ၄ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့် ပြည်သူများကို ထိရောက်သော ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်တပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း...

ငပုတောတွင် စက်လှေ ၁ စီးကို ဖမ်းဆီး နှိပ်စက်နေသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူများက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ပစ္စတို သေနတ် ၁ လက် ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်

ငပုတောတွင် စက်လှေ ၁ စီးကို ဖမ်းဆီး နှိပ်စက်နေသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူများက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ပစ္စတို သေနတ် ၁ လက် ယူဆောင်ကာ ထွက်ပြေးလွတ်မြောက် ရန်ကုန် ၊ ဧပြီ ၄ ဧရာဝတီတိုင်း၊...

ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသား/သူများကို အင်ဂျင်တပ် လေထီးအကြောင်းနှင့်‌ လေကြောင်းရန်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေမျှ

ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသား/သူများကို အင်ဂျင်တပ် လေထီးအကြောင်းနှင့်‌ လေကြောင်းရန်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေမျှ ရန်ကုန်၊ ဧပြီ ၄ ဆားလင်းကြီးမြို့နယ်အတွင်းရှိ NUG ပညာသင်ကြားရေး သင်ကြားနေသော ကျောင်းသား/သူ များကို အင်ဂျင်တပ် လေထီး (Paramotor) အကြောင်းနှင့်‌ လေကြောင်းရန်ကာကွယ်ရေးလေကြောင်းအသိ၊သတိ ‌‌‌‌‌‌‌‌‌‌‌ပညာပေး လက်ကမ်းစာစောင်များ ဝေမျှ၍ အသိပညာပေးဟောကြားခဲ့ကြသည်။

ငလျင်ဒဏ်ကြောင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့သော အင်းလေးဒေသရှိ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ သောက်ရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၄ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့သော အင်းလေးဒေသရှိ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ သောက်ရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ...

ကလေးမြို့တွင် စစ်ခေါင်းဆောင်၏ BIMSTEC အစည်းအဝေးတက်ရောက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု ပြုလုပ်

ကလေးမြို့တွင် စစ်ခေါင်းဆောင်၏ BIMSTEC အစည်းအဝေးတက်ရောက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု ပြုလုပ် ရန်ကုန်၊ ဧပြီ ၄ ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ကလေးမြို့ပင်မသပိတ်အင်အားစုအနေဖြင့် လက်ရှိငလျင်ကပ်ဘေးအတွင်း ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများရပ်တန်းကရပ်ရန်နှင့် အကြမ်းဖက် စစ်ခေါင်းဆောင်၏ BIMSTEC အစည်းအဝေးတက်ရောက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု (Black Clothing Campaign)ကိုပြုလုပ်ခဲ့ကြသည်။

ငလျင်ကြောင့် သေဆုံးသူ ၃၁၄၅ ဦးရှိလာပြီး အပျက်အစီးများကြားမှ အလောင်းဖော်ယူမှုများ စတင်ရပ်ဆိုင်းကာ အိမ်ရှင်များကိုယ်တိုင် အပြိုအပျက်များ ရှင်းလင်းရန် လုပ်လာရ

ရန်ကုန်၊ ဧပြီ ၄ မန္တလေးနှင့် စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ငလျင်ကြောင့် သေဆုံးသူ ၃၁၄၅ ဦးရှိလာပြီးနောက် အပျက်အစီးများကြားမှ အလောင်းဖော်ယူမှုများကို အကူအညီပေးရေး အဖွဲ့များက စတင်ရပ်ဆိုင်းလာနေကြောင်း မန္တလေးနှင့် စစ်ကိုင်းဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း...

ရက် ၂၀ ကြာ အပစ်ရပ်ကြေညာထားသော စစ်တပ်က သပိတ်ကျင်း၊ စစ်တွေ နှင့် ကျောက်ဖြူ တို့တွင် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၄ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀...

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်လုပ်ဆောင်နိုင်ရန် စစ်တပ်က ရေဖြူနှင့် လောင်းလုံးတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို ဆက်တိုက် စီးနင်း၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

■ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံရကာ ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ ရန်ကုန်၊ ဧပြီ ၄ တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်လုပ်ဆောင်နိုင်ရန် အကြမ်းဖက် စစ်တပ်က ရေဖြူနှင့် လောင်းလုံးတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို...

ရွှေဘိုမြို့တွင် မင်္ဂလာဆောင်ရန် ဈေးလာဝယ်သည့် ဇနီးမောင်နှံ ၂ ဦးကို စစ်တပ် လှည့်ကင်းက ဖမ်းဆီးပြီးနောက် သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ

ရန်ကုန် ၊ ဧပြီ ၄ စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် မင်္ဂလာဆောင်ရန် ဈေးလာဝယ်သည့် ဇနီးမောင်နှံ ၂ ဦးကို​ အကြမ်းဖက်စစ်တပ်၏ လှည့်ကင်းက ဖမ်းဆီးသွပြေီးနောက် သတင်းအစအနမရတော့ဘဲ ပျောက်ဆုံးနေကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆိပ်ခွန်ကျေးရွာမှ ကိုမင်းသွေးမောင်နှင့်မမွန်မွန်တို့...

မန္တလေးအိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော အကျဉ်းသား၊ အကျဉ်းသူများ ဆေးကုသခွင့် ပိတ်ပင်ခံနေရ

ရန်ကုန် ၊ ဧပြီ ၄ မန္တလေး၊ အိုးဘိုအကျဥ်းထောင်တွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိထားသော အကျဉ်းသား၊ အကျဉ်းသူများကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်နေကြောင်း မြန် မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

Latest news

- Advertisement -spot_img