32 C
Yangon
spot_img

CATEGORY

News

ညောင်ဦးတွင် စစ်တပ်က စစ်ကြောင်း ၂ ခုခွဲကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများသို့ ဝင်ရောက်ပြီး စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၃ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို စစ် ကြောင်းထိုး ဝင်ရောက်ကာ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးနေကြောင်း People's Democratic Army - PDA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ...

၀ိုင်းမော်တွင် စစ်တပ်က ထိုးစစ်ဆင်ပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အသိပေး

ရန်ကုန်၊ ဧပြီ ၃ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် စစ်တပ်က ထိုးစစ်ဆင်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင် နေကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန် ကျေးရွာအနီး ရှိ KIA စခန်းနေရာကို စစ်ကောင်စီက ထိုးစစ်ဆင်နေကြောင်း၊...

မန္တလေးတွင် ငလျင်​ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်တွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာ

ရန်ကုန်၊ ဧပြီ ၃ မန္တလေးတွင် ငလျင်​ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်တွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာနေကြောင်း သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်ပြိုကျပျက်စီးခဲ့ကြောင်း၊ ယင်းနောက် ရှာဖွေရေးလုပ်ငန်းများ ခဏတာလုပ်ဆောင်ပြီးနောက် မတ်လ...

ငလျင်ဒဏ်သင့်ပြီး ကူညီသူ အရောက်အပေါက်နည်းပါးနေသော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ချောင်များသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရိက္ခများ လှူဒါန်း

ရန်ကုန်၊ ဧပြီ ၃ ငလျင်ဒဏ်သင့်ပြီး ကူညီသူ အရောက်အပေါက်နည်းပါးနေသော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ချောင်များသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရိက္ခများ လှူဒါန်းနေကြောင်း စစ်ကိုင်းမြို့နယ် ပကဖက ပြော သည်။ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီး ကျောင်းများနှင့် သီလရှင်ချောင်များသို့ စစ်ကိုင်းမြို့နယ်ပကဖ က ရိက္ခာဖြန့် ဝေလှူဒါန်းခဲ့ကြောင်း ၊စစ်ကိုင်းမြို့နယ်ပကဖ...

စစ်ကောင်စီက ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ကြေညာပြီး​နောက် ၀ိုင်းမော်တွင် စစ်ရေးလှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်ပွား၊ အင်းတော်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေအတွက် ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ယမန်နေ့ ညပိုင်း ကြေညာခဲ့သော်လည်း ယခုနံနက်ပိုင်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ရေး လှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂...

မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး သံဃာတော်များ ဦးဆောင်၍ တော်လှန်ရေးတပ်များ၊ ပြည်သူများ ပူးပေါင်း ကယ်ဆယ်ရေးလုပ်

ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး သံဃာတော်တချို့က ဦးဆောင်၍ တော်လှန်ရေးတပ်များနှင့် ပြည်သူများက ရှင်းလင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်နေရကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ...

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေတောင် နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို ဖမ်းဆီးဆင့်ခေါ်မှုများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်

ရန်ကုန်၊ ဧပြီ ၃ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အ တွက် လူငယ်များကို ဖမ်းဆီးဆင့်ခေါ်မှုများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း ဆင့် ခေါ်ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး လှသိန်းက...

ငလျင်ဒဏ်သင့်၍ ပြည်သူထောင်ချီသေဆုံးနေသော်လည်း ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးပြီး စုပေါင်းရှင်ပြုပွဲကို ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းစစ်ကောင်စီက ယမန်နေ့တွင် စုပေါင်းရှင်ပြုပွဲကိုပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်လှည့်လည်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးသော စုပေါင်းရှင်ပြုပွဲနှင့် လှည့်လည်ပွဲသို့ မြို့နယ်ထွေ/အုပ်များက တက်ရောက်ခဲ့ရပြီး ရွှေတိဂုံစေတီတော်တွင် လှည့်လည်ပွဲများကို လုံခြုံရေး တင်းကျပ်စွာဖြင့်...

စစ်ကောင်စီ၏ ယာယီ အပစ်ရပ်မှု ပေါ် တုံ့ပြန်သည့်အနေဖြင့် KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမည်ဟု ကြေညာ၊ စစ်တပ်အနေဖြင့် ကြေညာထားသည့်အတိုင်း လိုက်နာရန် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်သတိပေး

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက် စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမည်ဟု ယမန်နေ့ညပိုင်း ထုတ်ပြန် ကြေညာသည်။ အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ ထုတ်ပြန်သော ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက် သည် မတ်လ...

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ

ရန်ကုန်၊ ဧပြီ ၃ အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း လေတပ်မှ လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ် ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်သည်။ မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်း စစ်တပ် အထူးလေယာဉ် ဖြင့်...

Latest news

- Advertisement -spot_img