31 C
Yangon
spot_img

CATEGORY

News

ရန်ကုန်တိုင်း၊ မြို့နယ်တိုင်းတွင် လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ (လုံ/ကြမ်း)များ ဖွဲ့စည်းရန် ညွှန်ကြား၊ လစာအဖြစ် တစ်ဦးလျှင် တစ်လ ငွေကျပ် နှစ်သိန်းနှင့်ရိက္ခာအပြည့် ပေးမည်

ရန်ကုန်၊ ဧပြီ ၂ ရန်ကုန်တိုင်း၊ မြို့နယ်တိုင်းတွင် လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ (လုံ/ကြမ်း)များ ဖွဲ့စည်းရန် ညွှန်ကြားထားပြီး လစာအဖြစ် တစ်ဦးလျှင် တစ်လ ငွေကျပ် နှစ်သိန်း ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများထံသို့ ညွှန်ကြားချက် ထုတ်ပြန်သည်။ စစ်ကောင်စီက ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်သော်လည်း လုံ/ကြမ်းအဖွဲ့များကို...

မန္တလေးနှင့်စစ်ကိုင်းတွင် နောက်ဆက်တွဲငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး အိမ်အများအပြား သူခိုး အခိုးခံနေရ ၊ စစ်တပ်၊ရဲနှင့်ပျူစောထီးများ ပျောက်ချင်းမလှ ပျောက်နေ

ရန်ကုန်၊ ဧပြီ ၂ မန္တလေးတွင် နောက်ဆက်တွဲ ငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး နေအိမ်အများအပြားမှာ သူခိုးခိုးခံနေရကြောင်း မန္တလေးနှင့်စစ်ကိုင်းတို့တွင် ကူညီကယ်ဆယ်ရေး လုပ်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ညပိုင်း မန္တလေးမြို့၊ ၃၈ လမ်းနှင့် ၄၁ လမ်းအကြား...

သနပ်ပင်မြို့နယ်၊ အောင်ချမ်းသာရွာတွင် စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးမှူး မြနိုင်တို့ပူးပေါင်း၍ စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေ ကြေး ခြိမ်းခြောက်တောင်းခံ ၊ လူအများအပြား စစ်မှုထမ်းတပ်သားအဖြစ် ပို့ဆောင်ခံရ

ရန်ကုန်၊ ဧပြီ ၁ ပဲခူးတိုင်း သနပ္ပင်မြို့နယ် အောင်ချမ်းသာရွာရှိ အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြနိုင်က ပြည်သူများကို စစ်မှုထမ်း လစဉ်ကြေးအတင်းအဓမ္မကောက်ခံနေပြီး ငွေမပေးနိုင်သည့် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အုပ်ချုပ်ရေးမှူး မြနိုင်က လူစားထိုးလိုသူများထံမှ လူစားထိုးခ တစ်ဦးလျှင် ငွေကျပ်...

ငလျင်ဒဏ်ခံထားရသော်လည်း စစ်ကောင်စီက ကာကွယ်ရေးလုပ်ငန်းများ ဆက်ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်မည်ဟု မင်းအောင်လှိုင်က ကြေညာပြန်

ရန်ကုန်၊ ဧပြီ ၂ စစ်တပ်အနေဖြင့် ငလျင်ဒဏ်ခံထားရသော်လည်း ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ငလျင်ဘေးဒဏ်ကူညီရေး ငွေလှူဒါန်းမှုများ လက်ခံပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လူထုအစိုးရထံမှ အာဏာကို လက်နက်ဖြင့် စစ်အာဏာ သိမ်းယူခဲ့သော...

စစ်ကောင်စီကို ကြိုတင် သတင်းပေးပို့ထားသော်လည်း တရုတ်ကြက်ခြေနီ အသင်း ၏ ငလျင်ဘေးသင့်ပြည်သူများ ထောက်ပံ့ရေး ကား ၉ စီးကို စစ်တပ်က နောင်ချိုမြို့နယ်တွင် ပစ်ခတ်

ရန်ကုန်၊ ဧပြီ ၂ စစ်ကောင်စီကို ကြိုတင် သတင်းပေးပို့ထားသော်လည်း တရုတ်ကြက်ခြေနီ အသင်း၏ ငလျင်ဘေးသင့်ပြည်သူများ ထောက်ပံ့ရေး ကား ၉ စီးကို စစ်တပ်က နောင်ချိုမြို့နယ်တွင် ပစ်ခတ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၁ ရက်နေ့ ည ၉ နာရီ...

မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေး

ရန်ကုန်၊ ဧပြီ ၂ မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်၏ နောက်ဆက်တွဲအဖြစ် မန္တလေးမြို့ပေါ်တွင် နေ့စဉ်...

နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ် ရန်ကုန်၊ ဧပြီ ၁ နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့-USGS က သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁ ရက်နေ့...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ ရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု...

မင်းတပ်မြို့ပေါ်ကို စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

မင်းတပ်မြို့ပေါ်ကို စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး ရန်ကုန်၊ ဧပြီ ၁ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး...

အင်းလေးနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

အင်းလေးနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး ရန်ကုန်၊ ဧပြီ ၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ငလျင်ဘေးဒဏ်သင့် အင်လေးဒေသကို အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်များက...

Latest news

- Advertisement -spot_img