26 C
Yangon
spot_img

CATEGORY

News

ထန်းတပင်၊ မုန်း နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ မုန်းမြို့နယ် နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက...

ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ကာ သံဃာတော်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ သံဃာတော်များနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း Monywa Revolution...

ကလေးမြို့ အကျဉ်းထောင်တွင် လက်ထောက် ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဆိုသူက အကျဉ်းသားများကို သီးနှံများ ၃ ဆ ဈေးတင်ရောင်း၍ ငွေညှစ်ခြင်း၊ ထောင်ဝင်စာများကို စိတ်ကြိုက်ယူစားခြင်းများ လုပ်ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် လက်ထောက် ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဆိုသူက အကျဉ်းသားများကို သီးနှံများ ၃ ဆ ဈေးတင်ရောင်း၍ ငွေညှစ်ခြင်း၊ ထောင်ဝင်စာများကို စိတ်ကြိုက်ယူစားခြင်းများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ လက်ထောက်...

ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးရန် ပျက်ကွက်ခဲ့သော ပြည်ပရောက် မြန်မာအလုပ်သမားများအပေါ် စိစစ်တင်းကျပ်မှုများ ပိုမိုလုပ်ရန် စစ်တပ် လက်အောက်ခံ အလုပ်သမားဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း အောင်ကျော်ဟိုး ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် ပျက်ကွက်ခဲ့သော ပြည်ပရောက် မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ စိစစ်တင်းကျပ်မှုများ ပိုမိုလုပ်ဆောင်ရန် အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း အောင်ကျော်ဟိုးက ညွှန်ကြားခဲ့ကြောင်း နေပြည် တော် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆...

၂၀၂၅ ခုနှစ် တစ်နှစ်လုံး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂,၃၀၀ ကျော် သေဆုံး၊ မလှိုင်နှင့်မြိုင်မြို့နယ်တို့တွင် လေယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အကြမ်းဖက်စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူ စုစုပေါင်း ၂,၃၂၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန် ကြီးဌာန၏ ထုတ်ပြန်သည်။ NUG က ထုတ်ပြန်သည့် လအလိုက် အရပ်သားထိခိုက်သေဆုံးမှု...

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာအရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး မြန်မာစစ်တပ် မပါဝင်ဘဲ အရေးပါသော နိုင်ငံရေး အဖွဲ့အစည်းများ တက်ရောက်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ထုတ်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာအရေး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာစစ်တပ် မပါဝင်ဘဲ အရေးပါသော နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးMa. Theresa Lazaro က ထုတ်ဖော်ပြောဆိုသည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။ အာဆီယံ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး လမ်းကြောင်းကို...

မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံး၊ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးနေပြီး ငွေကျပ် သိန်းချီ တောင်းယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ မန္တလေးတိုင်း၊ မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးကာ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့...

မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပကဖ ရဲဘော် ၅ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ -ပကဖ ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း Indaw Revolution – IR ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ...

စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးရွာ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး ပြီး စခန်းစွန့်ခွာထွက်ပြေး၊ မုံရွာတွင်လည်း စစ်တပ်ကို မိုင်းဆွဲမှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာ၌ ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခန်း စွန့်ခွာ ထွက်ပြေးသွားကောင်း မတ္တရာမြို့နယ် ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော...

မြင်းခြံတွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေ၍ ရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆...

Latest news

- Advertisement -spot_img