27 C
Yangon
spot_img

CATEGORY

News

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီးနောက် ဒရုန်းများကို ပိုမိုအသုံးပြုလာသဖြင့် ပြည်သူများ သတိပြုကြရန် တော်လှန်ရေးတပ်က အသိပေး

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီးနောက် ဒရုန်းများကို ပိုမိုအသုံးပြုလာသဖြင့် ပြည်သူများ သတိပြုကြရန် တော်လှန်ရေးတပ်က အသိပေး ရန်ကုန်၊ မတ် ၁၀ ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေ ပြီးနောက် အသေခံဒရုန်းများကို အသုံးပြုလာသဖြင့် ပြည်သူများ သတိပြုကြရန် အမှတ် ၁၀၀၁ တပ် ရင်း၊...

ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆက်တိုက် ဗုံးကျဲနေ

ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆက်တိုက် ဗုံးကျဲနေ ရန်ကုန်၊ မတ် ၁၀ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး လက်ရှိအချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကြို့ပင်ကောက်တွင် PDF သတင်းများကို စစ်တပ်ထံသို့ စုံစမ်း ပေးပို့နေသည့် ပျူစောထီး မြင့်လွင်ကို ထိန်းသိမ်းထားစဉ် ထွက်ပြေးသွား၍ လိုက်လံ ဖမ်းဆီးရာမှ သေဆုံး

ရန်ကုန်၊ မတ် ၁၀ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို စုံစမ်း၍ စစ်တပ်ထံသို့ ပေးပို့နေသည့် ပျူစောထီး မြင့်လွင်ကို ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon...

စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို ILO ညီလာခံတွင် အရေးယူပေးရန် ဆောက် လုပ်ရေးနှင့်သစ်လုပ်သားများ တောင်းဆို

ရန်ကုန်၊ မတ် ၁၀ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM)အဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်ကို ILOမှ Article-33 ဖြင့် အမြန်ဆုံးအရေးယူပေးရန် ဓာတ်ပုံကမ်ပိန်းများဖြင့် ယနေ့ ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia...

ကရင်နှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၀ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သဖြင့် တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU နှင့် AA တို့က သတင်းထုတ်ပြန်သည်။ ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီ...

မတ္တရာ၊ တောင်သာနှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်...

ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင်

ရန်ကုန်၊ မတ် ၁၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ကို...

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံးစစ်သား အလောင်း ၃ ခုကို တွင်းတစ်ခု အတွင်း စုပြုံထိုးထည့် စွန့်ပစ်ခဲ့

ရန်ကုန်၊ မတ် ၁၀ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံး စစ်သား အလောင်း ၃ လောင်း ကို တွင်းတစ်ခုအတွင်း စုပြုံစွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တနင်္သာရီမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁...

မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်

ရန်ကုန်၊ မတ် ၁၀ အကြမ်းဖက် မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်းက နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်သွားခဲ့ကြောင်း နေပြည်တော်အေလာတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့ ညပိုင်း နေပြည်တော်အေလာလေတပ်သို့ ရုရှားကုန်တင်လေယာဉ် IL 76-RA-76842 (ilyushin il-76TD)...

လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံတွင် Non CDM ဝန်ထမ်းများက ဆီဂါလံ ရာချီ အပါအဝင် သံထည်ပစ္စည်းများ အားလုံးကို ခိုးယူ ရောင်းစားမှု စိစစ်တွေ့ရှိရ

ရန်ကုန်၊ မတ် ၁၀ ရှမ်းပြည်နယ်အခြေစိုက် လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံတွင် Non CDM ဝန်ထမ်းများက ဆီဂါလံ ၃၁၃ ဂါလံ အပါအဝင် သံထည်ပစ္စည်းများ အားလုံးကို ခိုးယူ ရောင်းစားမှုဖြစ်ပွားကြောင်းကြောင်း မြန်မာ့မီးရထား CDM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img