36 C
Yangon
spot_img

CATEGORY

News

ချောင်းဦးနှင့်ဖြူးမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်မှု စစ် တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဧပြီ ၂၈ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေး ရွာကြားတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း People's Defense Force - South Monywa က သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂၈ ရက်နေ့...

လှိုင်သာယာ၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် အလုပ်သွားလျောက်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းဟိန်းထက်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၈ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် အလုပ်သွားလျောက်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းဟိန်းထက်ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၉...

မြစ်ကြီးနားလေယာဉ်ကွင်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၂၈ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေယာဉ်ကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲကြောင်း မြစ်ကြီးနားမြို့မှ ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနားလေယာဉ်ကွင်းအနီးတွင် လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဟု သိရှိရပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို...

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ စစ်တပ်နှင့်ဆက်နွယ်သော လူပုဂ္ဂိုလ် ၁၀၆ ဦး နှင့် အဖွဲ့အစည်း ၂၂ ခုကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ၂၀၂၆ ခုနှစ် ဧပြီလအထိ ထပ်မံသက်တမ်းတိုးမြှင့်

ရန်ကုန်၊ ဧပြီ ၂၈ စစ်အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို သတ်ဖြတ်မှုများကြောင့် မင်းအောင် လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ စစ်တပ်နှင့်ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၀၆ ဦး နှင့် အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုကို ဥရောပသမဂ္ဂ(EU)က ၂၀၂၆ ခုနှစ် ဧပြီလအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း...

စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့် ယနေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၈ စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့်နေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က ယနေ့ နံနက်ပိုင်းသတင်းထုတ်ပြန်သည်။ ယနေ့...

ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဧပြီ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၆ ရက်နေ့ နံနက် ၆...

ထီးချိုင့်မြို့နယ်၊ အရပ်ဘက်ဆေးရုံနှင့်စာသင်ကျောင်းကို ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၈ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရပ်ဘက်ဆေးရုံနှင့်စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် ထီးချိုင့်မြို့နယ်၊ အတွင်းရှိ ကျေးရွာတစ်ခုတွင် ရှိနေသော...

စစ်ကိုင်းငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာ ပျက်စီးခဲ့သည့် ကျောင်းသား ၆၃၀၀၀ ကျော်ကို ဂုဏ်သိက္ခာရှိစေရန် အအောင်မပေးဘဲ စာမေးပွဲ ပြန်ဖြေခိုင်းဟု စစ်ကောင်စီက ပြောပြန်

ရန်ကုန်၊ ဧပြီ ၂၈ စစ်ကိုင်းငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာများ ပျက်စီးခဲ့သည့် ကျောင်းသား ၆၃၀၀၀ ကို ဂုဏ်သိက္ခာရှိစေရန် အအောင်မပေးဘဲ စာမေးပွဲ ပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ၎င်း၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ပြောဆိုပြန်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်တွင်...

စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရ

ရန်ကုန်၊ ဧပြီ ၂၈ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့သည့် စစ်ကိုင်းနှင့်...

မန္တလေးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ်၊ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးအပြီး တစ်လပြည့်ချိန် နောက်ဆက်တွဲငလျင်များ လှုပ်နေဆဲ

ရန်ကုန်၊ ဧပြီ ၂၇ မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ်ရကြောင်း NUG ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောကြားချက် အရ သိရှိရသည်။ ယနေ့ ဧပြီလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ...

Latest news

- Advertisement -spot_img