24 C
Yangon
spot_img

CATEGORY

News

မြန်မာစစ်တပ်ထံသို့​ ရေနံစည် သန်းချီ ရောင်းချခဲ့သော စစ်ရာဇဝတ်မှု ကြံရာပါ စင်ကာပူ Interra Resources ကို အရေးယူပေးရန် အရပ်ဘက်အဖွဲ့များတောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် Interra Resources က ကြံရာပါ ပတ်သက်မှုနှင့် ပတ်သက်၍ အရေးယူပေးရန် စင်ကာပူအစိုးရနှင့် စင်ကာပူစတော့အိတ်ချိန်း ခေါင်းဆောင်များကို မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုတိုက်ပွဲကော်မတီများ၊ သမဂ္ဂများ စုစုပေါင်း ၂၀ ဖွဲ့တို့က ယနေ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်...

ကလေးမြို့နယ် တောင်ပိုင်းရှိ ဂန့်ဂေါ – ကလေး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ကျေးရွာ ၅ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ဂန့်ဂေါ - ကလေး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ကျေးရွာ ၅ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းက...

ဖားကန့်မှော်လှည့်သပိတ်က လွတ်လပ်ရေး ခေါင်းဆောင် ဦးအောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ အမှတ်တရ ပဲပြုတ်နှင့် နံပြားကျွေးမွေး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၃ ကချင်ပြည်နယ် ဆိပ်မူကျေးရွာတွင် ဖားကန့်မှော်လှည့်သပိတ်ဦးဆောင်သူများက မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဦးအောင်ဆန်း၏ ယနေ့ကျရောက်သည့် နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် ပြည်သူများကို မနက်စာ ပဲပြုတ်နှင့်နံပြားကျွေးခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution...

ညောင်ရွှေနှင့် ပင်လောင်းရှိ ကျေးရွာများကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ...

ဒေါပုံတွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့၊ အိမ်ရှင် ထွက်ပြေးလွတ်မြောက်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိမ် ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေါပုံမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၂...

မုံရွာမြို့နယ်၊ တောပုရွာပျူစခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကားများကို မိုင်းဆွဲ မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ည ၁၀ နာရီခန့်က...

စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းအမျိုးသားများအားလုံး ပြည်ပ အလုပ်လုပ်ခွင့် တရားဝင် ဆိုင်းငံ့ဟု စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ အသိပေးကြေညာ၊ အေဂျင်စီအများစု လုပ်ငန်းရပ်နား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းအမျိုးသားများအားလုံး ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် တရားဝင် ဆိုင်းငံ့လိုက်ပြီဟု စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို တရားဝင် အသိပေးလိုက်ပြီး အေဂျင်စီအများစု လုပ်ငန်းရပ်နားလိုက်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

ရေစကြိုမြို့နယ်၊ ပခန်းမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ လက်နက် ၅ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းမြို့မြောက်ဘက်၌ တိုက်ပွဲဖြစ်ပြီး အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေ ဆုံးကာ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၁၁...

မုံရွာနှင့် ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေမှု ပြည်သူ ၇ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ မုံရွာနှင့်ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် တောက် လျှောက် ပစ်ခတ်နေရာ ပြည်သူ ၇ ဦးထက်မနည်းသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိကြောင်း စစ်ဘေးရှောင် များ ကူညီနေသည့် ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ...

မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာ စစ်မှုထမ်းစနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း စတင်သင်ကြားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံတော်ကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာမှ ပြည်သူတိုင်း စစ်မှုထမ်းရသည့်စနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားတော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများတွင်...

Latest news

- Advertisement -spot_img