28.8 C
Yangon
spot_img

CATEGORY

News

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီ၏ ရိက္ခာပို့သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်တပ် ရိက္ခာပို့ သင်္ဘောများကို RPG ၊ စနိုက်ပါလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်မှုရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ညနေ...

တရုတ်အစိုးရပိုင် China Nonferrous Metal Mining and Construction က ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ်စက်ရုံကို NUG ၏ PDF တပ်များက လုံခြုံရေးပေး သိမ်းပိုက်ရရှိထား၊ တရုတ်နှင့်NUG အကြား ဆွေးနွေးမှုများရှိ

ရန်ကုန်၊ဩဂုတ် ၂ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်အစိုးရပိုင် China Nonferrous Metal Mining and Construction က ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ်စက်ရုံကို NUG ၏ PDF တပ်များက လုံခြုံရေးပေး သိမ်းပိုက်ရရှိထားကြောင်း NUG ဝန်ကြီးချုပ်ရုံး၏...

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂ ယင်းမာပင်မြို့နယ်တွင် ယင်း မာပင်မြောက်ခြမ်းက ကျေးရွာများသပိတ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup...

လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁ ရက်နေ့တွင်...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou...

နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်မှုများ မရှိစေရေး တားဆီးရန် စစ်ကောင်စီက ညွှန်ကြားမှုကြောင့် ရန်ကုန်လေဆိပ်တွင် လူငယ်တချို့ ငွေညှစ်ခံရ

ရန်ကုန်၊ ဩဂုတ် ၂ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်မှုများ မရှိစေရေး စိစစ်တားဆီးရန် ညွှန်ကြားမှုများရှိနေသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူငယ်များ ငွေညှစ်ခံရမှုများရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူ တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပြည်ပနိုင်ငံများသို့ နိုင်ငံကူးလက်မှတ်(PV) ဖြင့် လအနည်းငယ်ကြာမြင့်အောင်...

သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျ၊ ခရီးသည်တင်ကားနှင့် ကုန်ကားများ ပိတ်နေ

ရန်ကုန်၊ ဩဂုတ် ၂ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကမာစိုင်ကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတားသည် မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ ဩဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်း၊ မွန်ပြည်နယ် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ...

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီကျော်အချိန် ‌ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး...

ရန်ကုန်တိုင်းတွင် စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်အရ လူငယ် အလုပ်သမားအရေအတွက်ကို UMFCCIက ကောက်ခံပြီး စစ်ကောင်စီထံပေးပို့

ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန် ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် လူငယ် အလုပ်သမားစာရင်းကို ကောက်ခံပေးရန် UMFCCI ကို စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့ပြီး အလုပ် သမားဝန်ကြီးဌာနနှင့် UMCCI တို့ က ပူးပေါင်း စာရင်းကောက်ယူလျက်ရှိကာ...

မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီများ ပြတ်လပ်နေချိန် ဆီစျေးနှုန်းများ တစ်လီတာလျှင် အနည်းဆုံး ငွေကျပ် ၁၀၀ ကျော်မြင့်တက်သွား၊ ဆီဆိုင်များတွင် ဆီထည့်မည့် ကားတန်းရှည်များဖြစ်နေ

ရန်ကုန်၊ ဩဂုတ် ၂ မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီများ ပြတ်လပ်နေချိန် ဆီစျေးနှုန်းများမှာ တစ်လီတာလျှင် အနည်းဆုံး ငွေကျပ် ၁၀၀ ကျော် မြင့်တက်သွားကြောင်း သိရှိရသည်။ ရန်ကုန်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ယမန်နေ့ ငွေကျပ် ၂၆၃၀ ကျပ်ရှိရာမှ ယနေ့တွင် ၂၇၇၀ ကျပ်အထိ တစ်လီတာလျှင် ငွေကျပ်...

Latest news

- Advertisement -spot_img