24.6 C
Yangon
spot_img

CATEGORY

News

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာ ရဲကင်းစခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာရဲစခန်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က အနီးနားရှိ ရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက...

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၀၀ ကျပ်ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းကျော် စျေးပေါက်နေ

ရန်ကုန်၊ ဇူလိုင် ၃ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လျှင် ငွေကျပ် ၄၆၀၀ ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်းစျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ် သတ်မှတ်ထားသည်ထက် ကျော်လွန် ချေးငှားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူခြင်း၊ ဂျပန်နိုင်ငံသား...

မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၃ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ဖြစ်သည့် Mayangone Democratic Front (MDF)၊ LinnYoungNi...

ရန်ကုန်တိုင်းပကဖမှ တိုက်ခိုက်ရေးရဲဘော်များ တောင်ပိုင်းတိုင်းတွင် ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး ရန်ကုန် မြို့ပြ စစ်ဆင်ရေး အတွက် ပြင်ဆင်နေ

ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်တိုင်းပကဖမှ တိုက်ခိုက်ရေးရဲဘော်များ တောင်ပိုင်းတိုင်းတွင် ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး မြို့ပြ စစ်ဆင်ရေး အတွက် ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ ရဲဘော်များက တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း လုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးတာဝန်များကို သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဒေသလက်အောက်ရှိတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းထမ်းဆောင်လျက်ရှိကြောင်း၊ ရန်ကုန် မြို့ပြစစ်ဆင်ရေးများအတွက်လည်း...

လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုးလေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်း

ရန်ကုန်၊ ဇူလိုင် ၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုး လေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းအေဂျင်စီတချို့ထံမှ သိရှိရသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်မှစတင်ပြီး လားရှိုးမြို့ ပတ်ပတ်လည်တွင်...

ချောင်းဦး၊မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၃ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းများဖြင့် ၂ ရက် ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People's Defense Force - South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူထုစည်းရုံးရေးအသိပညာပေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာစျေးတစ်စျေးတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၊ လူထုစည်းရုံးရေးဆပ်ကော်မတီက လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု သွားရောက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အာဏာသိမ်းစစ်တပ်အနေနှင့် မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရအရေးနှိမ့်နေချိန် ပြည်သူများက လူထုတိုက်ပွဲများတွင် ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို နိုင်ငံရေးအရ အပြင်းအထန်ထိုးနှက်တိုက်ခိုက်ကြရန်နှင့် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် စည်းရုံးဟောပြောခဲ့ကြောင်း သိရှိရသည်။ ထို့ပြင်'ဖက်ဆစ်စစ်တပ်...

တောင်ဒဂုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လူငယ်တချို့ကို ဖမ်းဆီးသွားခဲ့

ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်တိုင်း၊ ဒဂုံ​မြို့သစ်တောင်ပိုင်း၊ ၆၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လူငယ်တချို့ကို မသင်္ကာမှုဖြင့် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီ ၅၈ မိနစ်အချိန်...

လားရှိုးမြို့ပေါ် ရပ်ကွက် ၁ တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် အမှတ် ၁ ရပ်ကွက်တွင် လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၄ နာရီအချိန် လားရှိုး​မြို့ ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက စတင် တိုက်ခိုက်လာပြီးနောက်...

ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးချစ်သိန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မဲထီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်သိန်း ကို နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Chauk Guerilla Force – CGF တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီ...

Latest news

- Advertisement -spot_img