25.3 C
Yangon
spot_img

CATEGORY

News

ရခိုင်ပြည်၊ သံတွဲမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်နှင့် တပ်သားများ သံတွဲမြို့ပေါ်တွင် လုံး၀ မရှိတော့ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၇ ရခိုင်ပြည်၊ သံတွဲမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသပြည်သူတချို့နှင့်စစ်ရေး သတင်းရင်းမြစ်တချို့ ပြောဆိုသည်။ ရခိုင်ပြည်၊ သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သံတွဲဒေသခံများက ပြောဆိုလိုက်ပြီး သံတွဲမြို့ပေါ်တွင် ရှိနေသည့် ပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်နေကြောင်း သိရှိရသည်။ "သံတွဲမြို့ပေါ်မှာတော့ AA...

သဲကုန်းမြို့နယ်တွင် ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဓါးသွေးကျောက်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး နေရာ အစားထိုးဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် ပစ်ခတ်ခံရပြီး ထပ်မံ သေဆုံးပြန်

ရန်ကုန်၊ ဇူလိုင် ၁၇ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပစ်ခတ်ခံရပြီးသေဆုံးသွားသော ဓါးသွေးကျောက် အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး နေရာ အစားထိုးဝင်သည့် အုပ်ချုပ်ရေးမှူးအသစ် ပစ်ခတ်ခံရပြီး ထပ်မံ သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင် ၁၆ ရက်နေ့ ညနေ ၉...

အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၇ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution...

ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ စစ်သား၊...

နေပြည်တော် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် ပန်းတင်ကျေးရွာအနီးမှ လယ်သမားများ၊ မြက်ရိတ်နေသူများကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်နေ

ရန်ကုန်၊ ဇူလိုင် ၁၇ နေပြည်တော် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် ပန်းတင်ကျေးရွာအနီးမှ လယ်သမားများ၊ မြက်ရိတ်နေသူများကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်...

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ရန်ကုန်၊ ဇူလိုင် ၁၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက် နက်ကြီး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BIA ဒီပဲယင်း LDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇူလိုင်လ...

ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ CNDF ထံတွင် အလင်းဝင်မှု ငွေကျပ် သိန်း ၈၀ ဆုချီးမြှင့်

ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ CNDF ထံတွင် အလင်းဝင်မှု ငွေကျပ် သိန်း ၈၀ ဆုချီးမြှင့် ရန်ကုန်၊ဇူလိုင် ၁၇ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်...

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ သထုံမြို့နယ်ရှိ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီး၊ ခရီးသွားကားများ ပိတ်ဆို့နေ

ရန်ကုန်၊ ဇူလိုင် ၁၇ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းရှိ ၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးပြီး ခရီးသွားကားနှင့်ကုန်တင်ကားများ ရပ်နားထားရကာ သွားလာမရတော့ဘဲ လမ်းပိတ်ဆို့နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ သထုံ-ဘီးလင်းအကြား ကရင်လေးဆိပ်...

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာသား ကိုဝေလင်းအောင်ကို ရွှေဘိုထောင်တွင်း စစ် တရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

ရန်ကုန်၊ ဇူလိုင် ၁၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာသား ကိုဝေလင်းအောင်ကို ရွှေဘိုထောင်တွင်း စစတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း ကိုဝေလင်းအောင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရွှေဘိုထောင် အချုပ်တွင် ဖမ်းဆီးခံထားရသော ကိုဝေလင်းအောင်ကို ရွှေဘို ထောင်တွင်း တရားရုံးက...

မင်းလှ၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ဆားချောင်းရွာရှိ နေအိမ်အလုံး ၃၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၇ ပဲခူးတိုင်း၊ မင်းလှမြိုနယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်များက စောင့်ကြိုတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို...

Latest news

- Advertisement -spot_img