23 C
Yangon
spot_img

CATEGORY

News

ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် မဲဆွယ်စည်းရုံးမှုအတွင်း နွေဦးတော်လှန်ရေးကို “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဟု သုံးနှုန်းမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်အချခံရ

ရန်ကုန်၊ ဇန်နဝါရီ ၈ ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် မဲဆွယ်စည်းရုံးမှုအတွင်း “အရေးတော်ပုံ” ၊ “တော် လှန်ရေး” ဟု သုံးနှုန်းသဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်အချခံရကြောင်း စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ်များတွင် သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့...

ရွှေပြည်သာစက်မှုဇုန်ရှိ COSTEC (JOC) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာလျော့နည်းမှုကြောင့် အလုပ်သမား ၁၀၀၀ ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် ၈ ရက်ဆက်တိုက် တောင်းဆိုနေသော်လည်း ဖြေရှင်းပေးသူမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈ ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၃) ရှိ COSTEC International Co.,Ltd (ယခု JOC) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာလျော့နည်းသွားမှုအပေါ် အလုပ်သမား ၁၀၀၀ ‌ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် ၈ ရက်မြောက်နေ့အဖြစ် တောင်းဆို‌နေသော်လည်း သက်ဆိုင်ရာဌာနများ၏ တာဝန်ပျက်ကွက်မှုကြောင့် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း...

ရေစကြိုမှ မြောင်မြို့နယ် ကျောက်ရစ် ရဲစခန်းသို့ စစ်ကူလာသော စစ်တပ် ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းများ ရရှိ၊ သဲကုန်းတွင်လည်း စစ်တပ် ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်း၊ ရေစကြိုမြို့မှ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ ကိုဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့...

မြင်းခြံ၊ ပိုက်တဲကုန်းကျေးရွာအနီး စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ခဲယမ်းများ ရရှိ၊ ရေတာရှည်တွင်လည်း ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသည့် ကျေးရွာတချို့ကို မိုင်းခွဲတိုက်ခိက်

ရန်ကုန်၊ ဇန်နဝါရီ ၈ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပိုက်တဲကုန်းကျေးရွာအနီး ကင်းပတ်ထွက်လာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဇန်နဝါရီလ ၆...

ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းများကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၈ ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ...

တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်ပတ်လည်ရှိ ဆိုင်ခန်းနှင့် တိုက်ခန်းများကို စစ်ကော်မ ရှင်က လျှပ်စစ်မီးများ ဖြတ်တောက်ပစ်ပြီး အတင်းအကျပ်ဖယ်ခိုင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်ပတ်လည်ရှိ ဈေးဆိုင်ခန်း များ၊ တိုက် ခန်းများကို စစ်ကော်မရှင်က လျှပ်စစ်မီးများဖြတ်တောက်ပစ်ပြီး အတင်းအကြပ်ဖယ်ရှား ခိုင်းနေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၅ ရက်နေ့ သက်ဆိုင်ရာ တိုက်ခန်းပိုင်ရှင်များ၊ ဆိုင်ခန်းပိုင်ရှင်များထံသို့ စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက...

AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်းသုတေသနကို ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၈ ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA က တူးဖော်ရရှိသွားသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်း၏ အကြောင်း ကို အစီရင်ခံစာ အသေးစိတ် အမြန်တင်ပြရန် နေပြည်တော်စစ်ရုံးက ရှေးဟောင်းသုတေသနဦးစီးဌာနကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်အခြေစိုက် မီဒီယာများက ရခိုင်သမိုင်းဝင် ရှေးဟောင်း...

ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဘုန်းကြီး ၁ ပါးနှင့် ကိုရင် ၁ ပါးတို ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်များ မီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါးနှင့် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်တချို့ မီးလောင်ပြာကျခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ...

မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် အရေးပါသော သံအမတ်ကြီး နေရာများတွင် အဆက်မပြတ် ခန့်အပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၈ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများအဖြစ် အဆက်မပြတ် ခန့်အပ်စေ လွှတ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ်မှ အနားပေးလိုက်သည့် စစ်ဦးစီးအရာရှိချုပ်(လေ)...

တောင်သာမြို့တွင် စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ရာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၇ မန္တလေးတိုင်း၊ တောင်သာမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝန်ထမ်းအိမ်ရာဝင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်အသုံးဆောင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၆...

Latest news

- Advertisement -spot_img