23 C
Yangon
spot_img

CATEGORY

News

စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇ ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို အမှုဆင်ဖမ်းဆီးငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံးသွားကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲမှူးဝင်းလှိုင်သည် ကျန်းမာရေးမကောင်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးမီအချိန် အထိ...

မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာရှိ စစ်တပ်၏ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၇ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ

ရန်ကုန်၊ ဇန်နဝါရီ ၇ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄...

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ

ရန်ကုန် ဇန်နဝါရီ ၇ နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်အချိန်...

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကို တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ ဇန်နဝါရီ ၇ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးMa. Theresa P. Lazaro က မင်းအောင်လှိုင်ကိုတွေ့ဆုံ ဆွေးနွေးကြကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက မြန်မာနိုင်ငံဆိုင်ရာ...

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် AA၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နှင့်အတူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေဆုံးသွားခဲ့၊ အလောင်းပြန်မရဘဲ စကခ ၁၀ တွင် နာရေး...

ရန်ကုန်၊ ဇန်ဝါရီ ၇ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်နှင့်အတူ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေ ဆုံးသွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့်...

နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာမှ အကြမ်းဖက်စစ်တပ်သားများကို ၂ ကြိမ် တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့...

မြိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Salingyi Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောပျူစောထီးကျေးရွာတွင် အင်အား...

တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော စစ်တပ် သတင်းပေး ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော အကြမ်းဖက် စစ်တပ် သတင်းပေး ဇော်ဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်...

သရက် – မင်းတုန်း လမ်းပိုင်းတွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၆ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်ကို ဆက်သွယ်ထားသော သရက်-မင်းတုန်း လမ်းပိုင်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ခံ ကိုဗဟိန်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၅...

Latest news

- Advertisement -spot_img