23 C
Yangon
spot_img

CATEGORY

News

ချောင်းဦးမြို့နယ်တွင် စစ်တပ် အမြန်ရေယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရှိသူများပြား

ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်လာသော အကြမ်းဖက် စစ်တပ်၏ အမြန်ရေယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ များပြားခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၆...

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စစ်တပ်နှင့်ချုပ်ဆိုသော စာချုပ်မှာ အတည်မဖြစ်ဘဲ ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရေး NUG နှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၆ ကချင်ပြည်နယ်တွင် စစ်ကောင်မရှင် ပြန်လည် စတင်ရန် ပြင်ဆင်နဗသာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စစ်တပ်နှင့်ချုပ်ဆိုသော စာချုပ်မှာ အတည်မဖြစ်ဘဲ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့...

ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာ ရေနံချက်ဖိုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ၊ စဉ့်ကူးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းရွာ ရေနံချက်ဖိုကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ...

တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံကို ဖျက်ဆီးပြီး လူနေဆိုင်ခန်းတွဲတည်များ တည်ဆောက် ရန် စစ်ကော်မရှင်က ပြင်ဆင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ဗိုလ်ချုပ် ချုပ်အောင်ဆန်း ကြေးရုပ်ရှိသည့် ပန်းခြံကို ဖျက် ဆီးပြီး လူနေဆိုင်ခန်းတွဲ များ တည်ဆောက်ရန် စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့စွဲဖြင့်...

မုံရွာမြို့ပေါ်တွင် တစ်ရက်တည်း လူငယ် ၇၀ ကျော်ကို စစ်တပ် ပေါ်တာဆွဲဖမ်းဆီးသွားပြီး စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် စစ်သားစုဆောင်း

ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် တစ်ရက်တည်း လူငယ် ၇၀ ကျော်ကို စစ်တပ် ပေါ်တာဆွဲဖမ်းဆီးသွားပြီး စစ်မှု ထမ်းအပတ်စဉ် ၂၁ အတွက် စစ်သားစုဆောင်းနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများထံမှ စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ပေါ် လမ်းဆုံလမ်းခွများတွင်လည်းကောင်း၊...

စစ်တပ်၏ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်တွင် ပြန်/ဝန်ဟောင်း ဦးရဲထွဋ် မှလွဲ၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း မရှိ

ရန်ကုန်၊ ဇန်နဝါရီ ၆ အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိသလောက် နည်း ပါးခဲ့ပြီး နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျခံခဲ့ရသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် တစ်ဦးတည်းသာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်...

ဂန့်ဂေါမြို့နှင့် ဆောမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ၃ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၃ လုံးပျက်စီးပြီး စပါးတင်း ၆၀၀ ကျော် ပျက်စီးဆုံးရှုံး

ရန်ကုန်၊ ဇန်နဝါရီ ၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၃ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးပြီး စပါးတင်း ၆၀၀ ကျော်လည်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။ ယနေ့...

အမေရိကန်တွင် ခိုလှုံခွင့်တောင်းသူများကို ဒိုမီနီကာကျွန်းနိုင်ငံသို့ ပို့ဆောင်ရန် အမေရိကန်နှင့် ဒိုမီနီကာနိုင်ငံတို့အကြား သဘောတူညီမှု ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၆ အမေရိကန်ပြည်ထောင်စုက ရွှေ့ပြောင်းအခြေချသူတွေကို ဖယ်ရှားရေး အစီ အစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံတဲ့ (Asylum Seekers) မြန်မာ အပါအဝင် နိုင်ငံတကာမှ လာရောက်တဲ့သူ တွေကို ဒိုမီနီကာကျွန်းနိုင်ငံဆီ ပို့ဆောင်မယ့် သဘောတူညီချက်ကို အမေရိကန်နဲ့ ဒိုမီနီကာနိုင်ငံတို့အကြား တနင်္လာနေ့ (ဇန်နဝါရီ...

အနားပေးလိုက်သည့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံသံအမတ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅ အကြမ်းဖက်စစ်တပ်၏ လေတပ်မှ အနားပေးလိုက်သည့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် မင်းအောင်လှိုင်က ယနေ့ ခန့်အပ်လိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ ဇော်ဝင်းမြင့်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ဘက်ရာထူးမှ အနားပေးပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂ လနီးပါးအကြာမှ တရုတ်နိုင်ငံဆိုင်ရာ...

ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ...

Latest news

- Advertisement -spot_img