26.3 C
Yangon
spot_img

CATEGORY

News

ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် ဗုံးကျဲမှု ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ

ရန်ကုန်၊ ဇွန် ၂၁ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူခဲ့ကြောင်း PNLA က ပြောဆိုသည်။ ဇွန်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့...

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AAတို့အကြား တိုက်ပွဲအပြင်း အထန်ဖြစ်နေ

ရန်ကုန်| ဇွန် ၂၁ ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ ပြည်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ...

အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီမည်ဖြစ်ပြီး NUG ၏ သံတမန်ရေးကို ကမ္ဘာအနှံ့ဖြန့်ကျက် ပိုမိုအားကောင်းစေရေး ဆောင်ရွက်ပေးရန် တီမောသမ္မတ Jose Ramos Horta ကတိပြု

ရန်ကုန်၊ ဇွန် ၂၁ တီမောနိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီမည်ဖြစ်ပြီး NUG ၏ သံတမန်ရေးကို ကမ္ဘာအနှံ့ဖြန့်ကျက် ပိုမိုအားကောင်းစေရေး ဆောင်ရွက်ပေးရန် တီမောသမ္မတ Jose Ramos Horta ကတိပြုလိုက်သည်။ ဇွန်လ ၁၈ ရက်န့က တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ...

ဘူးသီးတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်မိသားစုဝင်များကို လစာမပေးတော့၊ မောင်တောမှ နယ်ခြားစောင့်ရဲမိသားစုဝင်များ လည်း လစာမရ

ရန်ကုန်၊ ဇွန် ၂၁ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၉၃ ဦးကို ပျောက်ဆုံးစာရင်း သွင်းပြီး ကျန်ရစ်မိသားစုဝင်များကို လစာမပေးတော့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သော မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အမှတ် ၈ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အပါအဝင် ဘူးသီးတောင်တွင် တာဝန်ကျခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့...

ဆိပ်ဖြူတွင် စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်မှု စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၂၁ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ ကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NSP မှ သတင်းပြန်ကြားရေးတာဝန်ခံ သူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁၆ ရက်နေ့...

မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်

■ Mascots Group က Facebook ကို အစားထိုးရန် Myspace Application ကို ရေးဆွဲခဲ့ ရန်ကုန်၊ ဇွန် ၂၁ မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ကုမ္ပဏီ အုပ်စုမှ ဝင်းကျော်၊...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများရှိ

ရန်ကုန်၊ ဇွန် ၂၁ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း Operation Flameမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၁ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou...

ပြင်သစ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံရုံးမှ သံရုံးဝန်ထမ်း ဒေါ်ဌေးဌေးဝင်းက စစ်အာဏာသိမ်းမှုနှင့် ပြည်သူများကို စစ်တပ်က သတ်ဖြတ်မှုကို လက်မခံနိုင်၍ CDM ဝင်ဟု ကြေညာ

ရန်ကုန်၊ ဇွန် ၂၁ ပြင်သစ်နိုင်ငံ၊ ပါရီမြိုရှိ စစ်ကောင်စီ မြန်မာသံရုံးတွင် တာဝန်ထမ်းထမ်းဆောင်နေသော သံရုံးဝန်ထမ်းစာရေးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက စစ်အာဏာသိမ်းမှုနှင့် စစ်တပ်က ပြည်သူများကို သတ်ဖြတ်မှုကို လက်မခံနိုင်၍ CDM ဝင်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်သည်။ ဇွန်လ ၂၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံရာဆိုင်ရာ စစ်ကောင်စီ၏မြန်မာသံရုံးမှ သံရုံးဝန်ထမ်းဒေါ်ဌေးဌေးဝင်းက...

ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်နှင့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်

ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်နှင့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ် ရန်ကုန်၊ ဇွန် ၂၁ အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်မြို့ နယ်နှင့် နောင်ချိုမြို့နယ်တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...

Latest news

- Advertisement -spot_img